Blogger Tips and TricksLatest Tips And TricksBlogger Tricks

Friday, September 6, 2013

Samsung Galaxy Note 3 မှာပါတဲ့ features အသစ်များ






Samsung က ၄င်းရဲ့ Galaxy Note ဖုန်းအသစ်ဖြစ်တဲ့ Samsung Galaxy Note 3 ကို မိတ်ဆက်ပြသလိုက်ပါပြီ ။ အသစ်ထွက်လာတဲ့ Galaxy Note 3 မှာဘာ features အသစ်တွေပါလဲ ???? … ဒါ mobile user တွေတော်တော်များများ စိတ်ဝင်စားနေတဲ့ မေ:ခွန်: ဖြစ်ပါတယ် ။ ဒါဆိုဘာတွေ အသစ်ပါလဲ ဆိုတာ လေ့လာကြည့်ရအောင်ဗျာ ။ Air Command
——————
ပထမဆုံးအနေနဲ့ Note version phone တွေရဲ့ အဓိက features ဖြစ်တဲ့ S-Pen features တွေကို လေ့လာကြည့်ရအောင်ဗျာ ။ အသစ်ပါလာတဲ့ Air Command features ကတော့ လက်ရှိ Galaxy Note 2 ကိုင်နေတဲ့ တွေတောင် “ဟင် ” ကနဲ ဖြစ်သွားအောင် လန်းလွန်းတဲ့ features ပါပဲ ။ S-Pen ကို screen ကနေ 0.5 cm အကွာမှာထောက်ပီ: S-Pen မှာပါတဲ့ button လေးကို နိပ်လိုက်တာနဲ့ စက်ဝိုင်းပုံလေးနဲ့ Air command features ပေါ်လာပါတယ် ။ screen နဲ့ S-Pen လုံးဝ လုံးဝ ထိစရာမလိုပါဘူး ။ အဲ့ဒီ့ Air Command မှာ Menu ငါးခု ပါပါတယ် ။ Menu တစ်ခုချင်းစီရဲ့ လုပ်ဆောင်ပုံတွေလေ့လာ ကြည့်ရအောင်ဗျာ ။
Action Memo
—————-
Action Memo ဆိုတာက Samsung Phone တွေမှာပါတဲ့ S-Memo လိုမျိုး features ပါပဲ … ဒါပေမဲ့ S-Memo နဲ့ ကွာခြားသွားတာက Action Memo မှာမှက်ထားတဲ့ စာသာ:ကို formated content တွေအဖြစ်ပြောင်:သွားလို့ရတာပဲဖြစ်တယ် ။ Action Memo ပေါ်မှာ မှတ်ထားတဲ့ ဖုန်းနံပါတ်ဆိုရင် အဲ့ဒီ့ နံပါတ် ကိုတန်း ပြီ ဖုန်းခေါလို့ရတယ် …. ကိုယ့်ရဲ့ contact ထဲကို save ထားလို့ရတယ် ။ Action memo ပေါ်မှာရေးလိုက်တဲ့ စာသားက Address ဆိုရင် Google Maps ပေါ်မှာ အဲ့ဒီ့ Address ကို တန်းကြည့်လို့ရတယ် ။ ဘာလုပ်မယ် ညာလုပ်မယ် ဆိုပြီ: ရေးမှတ်ထားတဲ့ စာသားဆိုရင်လဲ To Do List applicaton တွေထဲကို Auto သွားမှတ်ထားလို့ရတယ် ။ ဘယ်လို အသုံးဝင်လဲဆိုတော့ ဥပမာ တစ်ခုပြောပြပါ့မယ် ။ ကြုံဘူးလား မသိဘူးဗျ …. ဖုန်းတစ်ခုကိုဆက်ရင်:နဲ့ ဒီလူ ဒီဖုန်းမှာမရှိဘူး …. ဒီ နံပါတ်ကို ထပ်ဆက်လိုက်ဆိုပြီ: နောက်ထပ်ဖုန်းနံပါတ်တစ်ခုပြန်ပေးတာ ကြုံဘူးလားဗျ ။ အဲ့ဒီ့လို ချိန်ကြရင် ကိုယ့်အနီးအနားမှာမှတ်စရာ စာရွက် နဲ့ ဘော်ပင် ကို အသဲအသန် လိုက်ရှာရရော ။ Galaxy Note 3 မှာကြတော့ အဲ့ဒီ့လို မျိုးမှတ်ထားဖို့က သိပ်လွယ်သဗျ ။
တစ်ဘက်လူ က နောက်ထပ်ဆက်ရမဲ့ ဖုန်းနံပတ်ကို ပြောနေချိန်မှာ Spen လေးထုတ်ပြီ: Action Memo ထဲမှာ လိုက်မှက်ရုံပဲဗျ ။ အဲ့ ပေးထားတဲ့ ဖုန်းနံပါတ်ကို ထပ်ဆက်ဖို့ကလဲ အဲဒီ့ Action Memo ထဲက နဲ့ ရေးထားတဲ့ နံပါတ်ကို ဖိပြီ: တန်းခေါရုံပဲဗျ ။ ဘယ်လောက်မိုက်လဲဗျာ ။ ဖုန်းပြန်ခေါဖို့ dial pad ထဲက ဂဏန်းတွေကိုလဲသွား ရိုက်စရာမလို… စာရွက်နဲ့ မှတ်ထားလို့ ပြောက်သွားမှာလဲ စိုးရိမ်စရာမလို …… အဲ့ဒီ့လိုမျိုး features ကို Action Memo features လို့ခေါပါတယ် ။
Scrapbook
————–
Scrapbook ဆိုတာက website ပေါ်မှာရှိတဲ့ ကိုယ်ကြိုက်တဲ့ content တွေကို ကိုယ့်ရဲ့ ဖုန်းထဲမှာ စုပြီ: မှတ်ထားလိုက်တဲ့ features ပါပဲ ။ ဥပမာ website ပေါ်က page တစ်ခုကို ကြည့်နေရင်:နဲ့ အဲ့ဒီ့ page မှာပါတဲ့ ပုံ ဒါမှမဟုတ် စာသား , video အစရှိတဲ့ content တွေကို S-Pen လေးနဲ့ ဝိုင်းလိုက်တာနဲ့ ကိုယ့်ရဲ့ဖုန်းထဲမှာ အဲ့ဒီ့ content ကို save ပြီ:မှတ်ထားပေးတဲ့ feature ပါပဲ…. မှတ်ထားတဲ့ အချိန်မှာလဲ category လေးတွေနဲ့ မှတ်ထားလို့ရပါတယ်…. အဲ့ကိုယ်ကြိုက်တဲ့ အချိန်မှာ မှတ်ထားတဲ့ content တွေကိုအေးအေးဆေးဆေး ပြန်ကြည့်လို့ရတဲ့features ပါပဲ… Evernote တို့ Path တို့လို features မျိုးပါ ။
Screen Write
—————-
Screen Writer ကတော့ ဖုန်းရဲ့ မျက်နာပြင်တစ်ခုလုံးကို screen shot အပြည့်ဖမ်းပြီ:တော့ ရလာတဲ့ screen shot ပေါ်မှာ ကိုယ်ရေးချင်တဲ့ စာသားကို ရေးလို့ရတဲ့ features ပါ။
S Finder
————-
S Finder ကတော့ ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ content တွေကို search လုပ်ပေးနိုင်တဲ့ powerful အဖြစ်ဆုံး feature ပါ….. စာသား ရိုက်ထည့်ပြီ: ရှာနိုင်သလို နေ့ တွေ… category တွေ… file type တွေနဲ့လဲ filter လုပ်ပြီ:ရှာနိုင်ပါတယ် ။ ဘယ်လောက်တောင် powerful ဖြစ်သလဲဆိုရင် ကျွန်နော်တို့ S-Pen နဲ့ ရေးထားတဲ့ Memo , SNote ထဲက စာသားတွေကအစ ရှာပေးလို့ရတယ်လို့ ဆိုပါတယ် ။ ဥပမာ ကျွန်နော် က အရေးကြီးတဲ့ Notes လေးတွေကို S-Memo , S-Note တို့ ပေါ်မှာ ရေးပြီ: ကြယ်ပုံလေးစွဲပြီ: မှတ်ထားခဲ့မယ်ဆိုပါစို့… ကျွန်နော် S-Finder ရဲ့ Search textbox ထဲမှာ ကြယ်ပုံလေးဆွဲပြီ: ရှာလိုက်တာနဲ့ ကျွန်နော် ကြယ်ပုံလေးဆွဲပြီ: မှတ်ထားခဲ့တဲ့ အရေးကြီးတဲ့ Notes တွေကို search result မှာပြန်တွေ့ရပါတယ် ။ လန်းချက်က နိုင်:လောတ်ရှိတဲ့ S-Finder ပါပဲ ။
Pen Window
————-
Pen Window ကတော့ ကျွန်နော် သဘောအကြဆုံး features ပါပဲ… ဒီ Pen Window က Galaxy Note 2 မှာစပါတဲ့ Multi window လိုပဲ တစ်ချိန်ထဲမှာ application ၂ ခုကို ဖွင့်လို့ရတဲ့ featuresပါ…. ကွာသွားတာက Pen Window မှာက နောက်ဖွင့်တဲ့ application က မူလဖွင့်ထာ:တဲ့ app လေးပေါ်မှာ pop up ပုံစံလေးနဲ့ ပွင့်လာတာပါပဲ ။ ဘာနဲ့တူလဲဆိုတော့ Sony ဖုန်းတွေရဲ့ ” Small Apps ” ဆိုတဲ့ အိုင်ဒီယာနဲ့ ဆင်တူပါတယ် …
ဒီ အပေါ်ကရေးသွားတဲ့ features တွေကတော့ S-Pen features တွေပါပဲ…. ကဲဒါဆို တစ်ခြား new features လေးတွေကိုလဲ ဆက်ပြီ:လေ့လာကြည့်ရအောင်ဗျာ ။
New Multi-window Options
——————————
Multi-Window features ဟာ အရင်နှစ်က ထွက်ခဲ့တဲ့ Galaxy Note 2 မှာစပါတဲ့ features ပါပဲ… application နှစ်ခုကို တစ်ချိန်ထဲ screen တစ်ခုထဲမှာ run လို့ရတဲ့ features ပါပဲ ။ ခုချိန်ထိ smart phone တော်တော်များများမှာ တောင် မပါသေးတဲ့ features ပေါ့ ။ အဲ့ဒီ့ Note 2မှာစပါတဲ့ Multi-Window features ကို ခု Galaxy Note 3 မှာ ပိုပြီ:သုံးရကောင်:အောင် ပြင်ဆင်ထားပါတယ် ။ Galaxy Note 2 ရဲ့ Multi-Window မှာတုံးကမရခဲ့တဲ့ တူညီတဲ့ application တစ်ခုကို screen ၂ခုခွဲ ပြီ: သုံးလို့မရတာကို ခု Galaxy Note 3 ရဲ့ Multi-window မှာရသွားပါပြီ ။ window computer တွေမှာ Gtalk ကို chat window ၂ခုဖွင့်ပြီ: တစ်ပြိုင်ထဲ chat လို့ရသလိုပါပဲ…. application တစ်ခုထဲကို screen ၂ခုခွဲပြီ တစ်ပြိုင်ထဲသုံးလို့ရသွားပါ ပြီ ။ screen တစ်ခုထဲက စာသားတွေ တွေကို တစ်ပြိုင်ထဲ run နေတဲ့ တစ်ခြား screen တစ်ခုကိုလဲ drag and drop လုပ်ပြီ: ဆွဲထည့်လို့ ရသွားပါပြီ ။ ကောင်မလေး ၂ ယောက်ကို တစ်ပြိုင်ထဲ gtalk ချက်ချင်တဲ့ ကိုကို တွေအတွက်ကတော့ ဝမ်းသာစရာပါပဲ…
Larger Full HD Display
————————–
Galaxy Note 3 မှာ အရင် Galaxy note 2 ထက် 0.2 inches ပိုကြီးတဲ့ ၅.၇ လက်မ အရွယ် screen display ပါလာပါတယ် ။ Scren display ကပိုကြီးလာတဲ့အပြင် 1920 x 1080 resolution အရည်အသွေးရတဲ့ Super AMOLED HD technology ကိုသုံးထားပါတယ် ။ 1080p resolution ရှိတဲ့ movie တွေကို ဒီ screen ကြီးကြီးနဲ့ resolution ကောင်:ကောင်: ကြည့်ရှုခံစားလို့ ရမှာ အသေအချာပါပဲ ။
New Leather Back
———————-
ဒါကတော့ မင်တတ်မိလောက်အောင် ပြောင်:လဲသွားတဲ့ Galaxy Note 3 ရဲ့ Back cover ပါပဲ ။ အရင်ဖုန်းတွေဖြစ်တဲ့ Galaxy Note 2, S4 တွေထိ ရိုးရိုး ပလတ်စတစ် back cover တွေသာသုံးလာတာကနေ ခု Galaxy Note 3 မှာ palastic နဲ့ ရောထားတဲ့ leather cover ကိုပြောင်:သုံးထားတယ်ဗျ ။ ပိုပြီ: စတိုင်ကျပြီ: palastic ထက်ပိုပြီ: ခြစ်ရာစင်းရာ ပိုခံနိုင်တယ် လို့ ဆိုပါတယ် ။
More Storage
——————-
Samsung User တွေ ဒီ အပိုင်းနဲ့ ပတ်သက်ရင်တော့ တော်တော်ကျေနပ်သွားမယ်ထင်ပါတယ် ။ အရင် S4 တုံးက Storage မှာ firmware က 8 GB နေရာယူပြီ: user တွေအတွက် 8GB ပဲ ကျန်လို့ user တော်တော်များများက မကျေမနပ်ဖြစ်ကြပါသေးတယ် ။ ခု Galaxy Note 3 မှာ စလာကထဲက 32 GB နဲ့လာမှာဆိုတော့….. ဘယ်လိုပြောရမလဲ….. very good ပေါ့ဗျာ … ။
More ram
—————-
ဒီဟာကလဲ Samsung user တွေအတွက် ကျေနပ်စရာအပိုင်းပါပဲ… Galaxy Note 3 ဟာ world မှာပထမဆုံး Ram 3GB ပါတဲ့ ဖုန်းဖြစ်ပါတယ်.. computer လိုပါပဲ … ram များများရှိလေ တစ်ပြိုင်ထဲလုပ်ရတဲ့ application တွေကများများမြန်မြန်လုပ်လာနိုင်စေပဲဗျ ။
13MP Camera With Stabilization
—————————————
ကင်မရာကတော့ Galaxy S4 မှာပါတဲ့ 13 megapixel camera ကိုပဲဆက်ပြီ:သုံးထားပေမဲ့ features အသစ်အနေနဲ့ smart stabilization ဆိုတဲ့ features ပါလာပါတယ် ။ အဲ့ဒီ့ features ကဘာလုပ်ပေးလဲဆိုတော့ ဓာက်ပုံရိုက်တဲ့ အခါမှာ လက်မငြိမ်လို့ ရိုက်လိုက်တဲ့ ပုံတွေ ဝါးသွားတဲ့ အဖြစ်မျိုးကို ကာကွယ်ပေးပါတယ် ။ Galaxy S4 မှာလဲ အဲ့ဒီ့ features နဲ့ ဆင်တူတဲ့ features ပါပေမဲ့ ဒီ Samsung Smart Stabilization features ကတော့ ပိုပြီ: powerful ပိုဖြစ်တယ်လို့ဆိုပါတယ်…
4K Recording Or Ultra HD recording
——————————————
ဒီကောင်က တော့ Galaxy Note 3 ဖုန်းတိုင်းမှာပါ မှာတော့ မဟုတ်ပါဘူး ….. ဘာဖြစ်လို့လဲဆိုတော့ ဒီ Ultra HD video recording ကို Samsung ရဲ့ Exyon Octa Core CPU က support မလုပ်ပါဘူး….. Quamlcom ကထုတ်တဲ့ Snapdragon 800 CPU သုံးတဲ့ Galaxy Note 3 မှာပဲ 4K video recording ကပါမှာဖြစ်ပါတယ် ။ မြန်မာကို တင်သွင်းမဲ့ မှာက Galaxy Note 3 ရဲ့ CPU ကို Octa Core porcessor သုံးထားမှာဖြစ်တဲ့ အတွက် ဒီ feature ကို မြန်မာနိုင်ငံမှာရောင်းမဲ့ Galaxy Note 3 မှာရမှာမဟုတ်ပါဘူး ။ အမေရိကန် ၊ ဥရောပ ၊ ဩစတေးလျ နဲ့ စင်ကာပူ တို့ကို တင်သွင်းမဲ့ Galaxy Note 3 တွေကတော့ Quamlcom Processor ကိုသုံးမှာဖြစ်တဲ့ အတွက် အဲ့ဒီ့ Galaxy Note 3 တွေမှာပဲ ဒီ 4K video recording ကပါပါလိပ်မယ်။
1080P Front Facing Camera
————————————
ခု Galaxy Note 3 ဖုန်းအသစ်မှာတော့ Skype ချက်တာ တို့ Tango ပြောတာတို့မှာသုံးတဲ့ ရှေ့ကင်မရာက Full HD 1080p resolution နဲ့ သုံးလို့ရတယ်လို့ဆိုပါတယ်…. ဒါဆို video chatting တွေလုပ်ရင် မြင်ရတဲ့ ရုပ်တွေကတော်တော် ကြည်နေတော့မှာပဲ ။ Internet connection ကောင်:ဖို့ပဲ လိုတော့တယ်….
Big Galaxy Note 3 Battery
——————————
Galaxy Note 3 မှာ Battery က ၃၂၀၀ mAh ပါတယ်လို့ပြောပါတယ်… ဒါဟာ HD video 14 hour ဆက်တိုက် ကြည့်လို့ရတဲ့ ပမာဏဖြစ်တယ် လို့ဆိုပါတယ် ။ Galaxy Note 2 ရဲ့ battery ထက် 200 mAh ပိုများပါတယ် ။
Supporting Ultra High Quality Audio
—————————————–
ခုထွက်တဲ့ Galaxy Note 3 မှာ Hifi Sound ကို support လုပ်မယ်လို့ သတင်းထွက်နေပါတယ်… တကယ်ထွက်တော့လဲ အဲ့ဒီ့ features ကပါလာပါတယ်… ဒါပေမဲ့ Samsung က Hifi sound လို့မခေါပဲ Ultra High Quality Audio လို့ပဲခေါဆိုခဲ့ပါတယ် ။ အဲ့ဒီ့ features က 192KHz, 24 bit ရှိတဲ့ Sound file တွေကို support လုပ်မယ်လို့ကြားပါတယ်… အရင် smart ဖုန်းတွေအကုန်လုံးက 16bit sound file တွေပဲ support လုပ်ပါတယ် ။
Faster, Longer Range WiFi
——————————–
ဒီ Galaxy Note 3 မှာပါတဲ့ Wifi ကိုပိုကောင်:အောင်ပြန်ပြင်ထားတယ်လို့ ဆိုပါတယ် ။ တကယ်လို့ wifi လွှင့်ထားတဲ့ router က 802.11ac WiFi router ကိုသုံးထားတယ်ဆိုရင် တော်တော်ဝေ:ဝေ:နေရာကတောင် wifi signal ကို ဖမ်းမိနိုင်လိတ်မယ်လို့ဆိုပါတယ်…. Wifi router နဲ့ တော်တော်ဝေ:လို့ တစ်ခြားဖုန်းတွေ signal မမိတဲ့ အချိန်မှာတောင် ဒီ Galaxy Note 3 က wifi signal ကို ကောင်:ကောင်းဖမ်းမိ နေလိပ်မယ်လို့ ကြားတယ်ဗျ ။
Supporting 4G LTE Advanced ( Cat 4 — 150 MB)
———————————————————–
အမြန်ဆုံး ဆက်သွယ်ရေးစနစ်ဖြစ်တဲ့ 4G LTE Advanced ကိုလဲ support ပေးတယ်လို့ကြားတယ်ဗျ…. Normal 4G LTE service က ခုဆို နိုင်ငံတော်တော်များများမှာ ရရှိနေပြီ ဖြစ်ပေမဲ့… ဒီ 4G LTE Advanced ကိုတော့ လက်ရှိ ကိုးရီ:ယား ၊ ဂျပန် ၊ ရုရှ နဲ့ ဟောင်ကောင် တို့လောက်မှာပဲ ရသေးတဲ့ service ပါ …. အမေရိကန်တောင် ဒီနှစ်ကုန်လောက်မှာ အဲ့ဒီ့ 4G LTE Advanced technology ကိုပြောင်းနိုင်အောင် ကြိုးစာ:နေတယ်လို့ဆိုပါတယ်…. ဒီ 4G LTE Advanced service မှာ download speed က 150 Mbs ထိရနိုင်မယ်လို့ဆိုပါတယ် ။ Galaxy Note 3 က ဒီ 4G LTE Advanced technology ကိုသုံးလို့ရအောင် လုပ်ထားတယ်လို့ဆိုပါတယ် ။
Samsung KNOX security
—————————–
ဒီ KNOX security features ကတော့ မှာနောက်ကွယ်ကနေ run နေပေးမဲ့ features ပါ .. ဒီ Samsung Knox security ကို Galaxy S4 စတင်ပြသခဲတဲပွဲမှာ မိတ်ဆက်ပေးခဲ့ပေမဲ့ Galaxy S4 ဖုန်းတိုင်:မှာတောင် ဒီ features က မပါလာပါဘူး ။ ဒီ security features ရဲ့ စွမ်:ဆောင်ရည်မြင့်မားတဲ့ အတွက်ကြောင့် ဒီ Knox security ပါတဲ့ Galaxy S4 phone တွေကို အမေရိကန်စစ်တပ်မှာ သုံးနိုင်တယ်ဆိုပြီ: အမေရိကန်စစ်ဌာနချုပ်က ခွင့်ပြုပေးခဲ့ပါတယ် ။ အရင်က ဆို အမေရိကန်စစ်တပ်က Black berry ဖုန်းတွေပဲ သုံးခဲ့ကြတာပါ။ ဒီလို security ကောင်:အောင်လုပ်ပေးတဲ့ Knox Security features ကို ဒီ Galaxy Note 3 မှာ built in ထည့်ထာ:ပေးတယ်လို့ကြားတယ်ဗျ ။
အပေါ်က ပြောသွားတဲ့ features တွေကတော့ မှာ ကျွန်နော်သိသလောက် အသစ်ပါတဲ့ features တွေပါပဲ ။ ဒီ features တွေအပြင် Galaxy S4 မှာပါတဲ့ S Note, new Easy Clip, Direct Pen Input , Samsung Smart Scroll, Samsung Smart Pause, Air Gesture, Air View , Group Play , Samsung Adapt Display, Samsung Adapt Sound , Auto adjust touch sensitivity, Samsung WatchON , NFC , wireless Charging အစရှိသဖြင့် များပြားတဲ့ features တွေလဲ Galaxy Note 3ဆက်လက်ပါရှိပါတယ် ။
Samsung built in app တွေ နဲ့ Google ရဲ့ application တွေအပြင် Evernote, Path, Line, dropbox and eBay စတဲ့ third-party applications တွေလဲ အများအပြား preloaded applications တွေအဖြစ် ပါဝင်လာမယ်လို့ကြားတယ်ဗျ ။
ဒီလောတ်ဆို Galaxy Note 3 မှာ ဘာ features တွေအသစ် ပါလာတယ်ဆိုတာ ခန့်မှန်း လို့ရလောက်ပြီ ထင်ပါတယ် ။
* Credit to MMAS

No comments:

Post a Comment