Blogger Tips and TricksLatest Tips And TricksBlogger Tricks

Wednesday, September 4, 2013

Bagan Keyboard Pro Version 1.6.8

Bagan Keyboard Pro Version 1.6.8 ထွက်ရှိပါပြီခင်ဗျာ။ Google Play Store နှင့် Kanaung Store တို့တွင် အခမဲ့ ဒေါင်းလုပ်ရယူနိုင်ပါပြီ။ ယခု Version တွင်

၁။ Jelly Bean OS သုံး ဖုန်းများတွင် ရှိသော စာလုံးမမှန်သည့် ပြဿနာများကို ဖြေရှင်းထားပါသည်။

၂။ Unicode ဖြင့်ရေးလိုသူများအတွက် Unicode ပါဝင်ပါသည်။

၃။ Keyboard ၏ စာလုံးများကို မူလထက် အနည်းငယ် ထပ်မံကြီးထားပါသည်။

၎။ Keypad ကြီးကြီး ရိုက်လိုသူများအတွက် Keyboard Size ကို စိတ်ကြိုက်ချိန်နိုင်အောင် Setting ထဲတွင် ထည့်သွင်းထားပြီးဖြစ်ပါသည်။

၅။ စာလုံးဖျက်ရန် အတွက် Cursor ကို အဆင်ပြေအောင် ပြုလုပ်ပေးထားပါသည်။ (Space Bar ကို နှစ်စက္ကန့်ခန့်နှိပ်ပါ။)

ယခင် Feature များအဖြစ်

၆။ မြန်မာစာလုံး အားလုံးကို ထည့်သွင်းပြီးဖြစ်ပါသည်။ (စာလုံးဆင့်များအတွက် ကီးဘုတ် အလည်တွင်ရှိသော ~ ကီးကိုသုံးပါ)

၇။ အသံဖြင့် အင်္ဂလိပ်စာ ရေးသားခြင်း ပြုလုပ်နိုင်ပြီဖြစ်ပါသည်။

၈။ မြန်မာစာလုံးများအတွက် Auto Complete Features ပါဝင်ပါသည်။

၉။ မိမိ မကြာခဏ ရိုက်လိုက်သော စာလုံးများကို Auto Learn လုပ်ပေးသော စနစ်ပါဝင်သောကြောင့် စာရေးသားရာတွင်လွယ်ကူပါသည်။

၁၀။ မိမိမှတ်သားလိုသော စာလုံးများကိုလဲ မှတ်သားထားပြီး Auto Complete List ထဲတွင် ထည့်သွင်းထားခြင်းဖြင့် စာရိုက်ရာတွင် မှန်ကန် မြန်ဆန် လွယ်ကူစေပါသည်။

၁၁။ -ါ ရေးရန်မလိုပဲ -ာ ကိုရေးရုံဖြင့် Auto ပြောင်းပေးသော Smart Zawgyi Feature ပါဝင်ပါသည်။ ( "ပါ" ကို ရေးလိုပါက "ပ + -ာ" ဟုရေးပါ Auto "ပါ" ဟု ပြောင်းသွားပါမည်။)

၁၂။ Double Tap Feature ပါဝင်သောကြောင့် စာလုံးအပေါ်တွင် အပြာရောင် စာလုံးရှိသော ခလုပ်များကို နှစ်ချက် ဆင့်နှိပ်ပါက Shift နှိပ်စရာမလိုပဲ ရိုက်နိုင်ပါသည်။ (ဥပမာ- "ရ" ကို ရိုက်လိုလျှင် "၇" ကို နှစ်ချက်နှိပ်ပါ။)

Download ပြုလုပ်လိုပါက-

Kanaung Store (http://www.bitmyanmar.com.mm/kanaung/bagankeyboard)

Play Store
(https://play.google.com/store/apps/details?id=com.bit.androsmart.kb...)

Bagan Keyboard ရဲ့ အသုံးဝင်ပုံများကို အသေးစိတ် ဖတ်ရှုလိုပါက-
How to Use Bagan Keyboard on Android Phone and Tablet
How to make keyboard installation and Configuration on Android Phone and Tablet

No comments:

Post a Comment