Blogger Tips and TricksLatest Tips And TricksBlogger Tricks

Saturday, September 21, 2013

iPhone 5S အတွင်းမှာ ဘာထူးခြား ပြောင်းလဲသွားလဲ

iFixit အမည်ရ ဝဘ်ဆိုဒ်က iPhone 5S အတွင်းပစ္စည်းပြောင်းလဲမှုများကို ဖွင့်ပြ သွားပါတယ်။ 
iFixit တို့ ပြောဆို ပြသချက်အရ အတွင်းမှာ ထူးထူးခြားခြား ပြောင်းလဲသွားမှု မရှိပါဘူး။ ကြိုးတစ်ချောင်း ပိုလာတာ တစ်ခုပဲ ရှိတယ်လို့ ဆိုပါတယ်။ Touch ID Sensor နဲ့ Lightening Portကြား ဆက်သွယ်ထားတဲ့ ဝါယာကြိုး တစ်ခု သာ ပိုပြီး ဖုန်း ဟာ့ဒ်ဝဲ ပြင်သမားတွေ အထူးသတိထားရမယ့် အစိတ် အပိုင်း တစ်ခု ဖြစ်ကြောင်း ဆိုပါတယ်။ 
ဟာ့ဒ်ဝဲ တည်ဆောက်ပုံ ဒီဇိုင်း ပြောင်းလဲ မသွားပါဘူး။ Upgrade လုပ်ထား တဲ့ ပစ္စည်းများကို အသုံးပြု လိုက်ခြင်းသာ ဖြစ်ကြောင်း ဆိုပါတယ်။ ဥပမာ A6 ကနေ 64 bit A7 Chip ကို အသုံးပြုလိုက်တာမျိုး ဖြစ်ပြီး ကမ္ဘာ့ Processor အမြန်ဆုံး စမတ်ဖုန်းအဖြစ် အသိအမှတ်ပြုနိုင်ခြင်း ဖြစ်ပါတယ်။ အပြင် ဒီဇိုင်းအား ဖြင့်လည်း ထူးထူးခြားခြား မပြောင်းလဲပါဘူး။ iPhone 5S 16 GB ပထမ သုံးလုံး ဝယ်ယူသူကို ၈ သိန်းခွဲနဲ့ ရောင်းချပေးမယ် လို့ ပြည်တွင်း မိုဘိုင်းဆိုင်တစ်ခုက အောက်ပါ လခ့်မှာ ကြော်ငြော ထားပါသေးတယ်။ 
Aung Kham (TSJ Team)

No comments:

Post a Comment