Blogger Tips and TricksLatest Tips And TricksBlogger Tricks

Saturday, September 14, 2013

Android Application ရဲ့ Source Code ကိုဖြည်ကြည့်နည်း (Educational Purpose Only)


Android Application တစ်ခုကိုရေးသားထားတဲ့ source
code တွေကိုဖြည်ကြည့်ချင်သူတွေအတွက်ပါ။ ဒီနည်းလေးကရှိထားတာတော့ကြာပါပြီ။
သာမန် users တွေအနေနဲ့တော့ အသိနည်းပါတယ်။ ယခုနည်းကို လေ့လာရုံ Educational Only သာရည်၇ွယ်ပါတယ်။ android apk တစ်ခုကိုရေးထားတဲ့ code တွေကိုဖြည်ကြည့်ရန် လိုအပ်တဲ့ Tool တွေကတော့ Dex2Jar , Java Decompiler တို့ဖြစ်ပါတယ်။ code ဖြည်ကြည့်နည်းကတော့ မိမိ ဖွင့်ကြည့်ချင်တဲ့ apk ဖိုင်ကို right click နှိပ် 7 zip နဲ့ဖွင့်ပါ။ classes.dex ဆိုတဲ့ ဖိုင်လေးတွေ့ပါလိမ့်မယ်။ အဲဒီဖိုင်လေးကို အပြင်ကိုဆွဲထုတ်ပါ။ classes.dex ဖိုင်လေးကို dex2jar ဖိုဒါထဲကိုသွားထည့်ပါ။ dex2jar classes.dex လို့ command မှာရိုက်ပါ။ classes_dex2jar.jar ဆိုတဲ့ဖိုင်ရလာပါမယ်။ အဲဒီ jar ဖိုင်ကို 7 zip နဲ့ဖွင့် အတွင်းမှာ .class ဖိုင်တွေပါတယ်။ အဲဒီ class ဖိုင်တွေကို java decompiler တစ်ခုခုနဲ့ဖွင့်ကြည့်ပါ။ ကျွန်တော်ကတော့ JAD ကိုသုံးပါတယ်။ APK ကိုရေးထားတဲ့ source code တွေကိုမြင်ရပါပြီ။

Credit to : သက်နိုင်စိုး (Myanmar Mobile App Store)

No comments:

Post a Comment