Blogger Tips and TricksLatest Tips And TricksBlogger Tricks

Thursday, December 15, 2011

Thunderbird ကို Enigmail ၊ GPGT တို့နဲ့ သုံးစွဲခြင်း - လုံခြုံတဲ့ အီးမေးလ် ဂလိုင်း

Mozilla Thunderbird ဟာ အခမဲ့ ဖြစ်ပြီး အီးမေးလ်တွေ ပေးပို့တာ၊ လက်ခံတာနဲ့ သိမ်းဆည်းတာတွေ လုပ်ပေးနိုင်တဲ့ ပွင့်လင်းတဲ့ အရင်းအမြစ် အီးမေးလ် ဂလိုင်းတခု ဖြစ်ပါတယ်။ ပရိုဂရမ် တခုထဲကို သုံးပြီး အီးမေးလ် အကောင့် အတော်များများကို စီမံခန့်ခွဲနိုင်တယ်။ Enigmail နဲ့ GnuPG တို့က စစ်မှန်ကြောင်း အတည်ပြုပေးပြီး၊ ဒစ်ဂျစ်တယ် လက်မှတ်ထိုးခြင်းနဲ့ စာဝှက်စနှစ်တို့က အီးမေးလ် ဆက်သွယ်ရေးကို privacy ရှိစေပြီး လုံခြုံစေပါတယ်။
Thunderbird, Enigmail နဲ့ GnuPG ကို ဒေါင်းလုဒ် လုပ်ခြင်း

  • လက်စွဲလမ်းညွှန် နိဒါန်းအကျဉ်းကို ဖတ်ရှုပါ
  • www.mozilla.com/thunderbird စာမျက်နှာကို ဖွင့်ဖို့ အောက်က Thunderbird icon ကို နှိပ်ပါ
  • installer ဖိုင်ကို save လုပ်ထားဖို့ အခမဲ့ download ရယူနိုင်တဲ့ link ကို နှိပ်ပါ၊ အဲဒီဖိုင်ကို နေရာချပြီး၊ နှစ်ချက် နှိပ်ပါ
  • www.enigmail.mozdev.org/download ကို ဖွင့်ဖို့ အောက်က Enigmail icon ကို နှိပ်ပါ
  • Download v1.1.2 for Thunderbird 3.1 ကို ရယူနိုင်တဲ့ link ကို ညာဖက် နှိပ်ပြီး၊ သူ့ရဲ့ add-on ကို Desktop ပေါ်မှာ save ထားပါ
  • www.gnupg.org/download စာမျက်နှာကို ဖွင့်ဖို့ အောက်က GnuPG ပုံသင်္ကေတကို နှိပ်ပါ
  • Binaries အပိုင်းကို သွားပြီး၊ GnuPG 1.4 compiled for Microsoft Windows FTP ကို နှိပ်ပါ။ ပြီးရင် installer ဖိုင်ကို save လုပ်ထားပါ
  • Enigmail နဲ့ GnuPG တို့ကို စတင် install လုပ်ဖို့ Thunderbird လမ်းညွှန်ထဲက အခန်း ၄.၁ Enigmail နှင့် GnuPG တို့ကို install ပြုလုပ်နည်း ကို သွားပြီး လေ့လာပါ
  • Installation လုပ်ပြီးတဲ့အခါ installers နဲ့ add-ons တို့ကို ကွန်ပျူတာထဲကနေ ပယ်ဖျက်နိုင်တယ်

Thunderbird: Enigmail: GnuPG -

Thunderbird, Enigmail, GnuPG ကို Install လုပ်ခြင်း

  • လက်ကမ်း လမ်းညွှန်နိဒါန်းအကျဉ်းကို ဖတ်ပါ
  • *အောက်တွင်ဖော်ပြထားသော Thunderbird၊Enigmail နှင့် GnuPG ပုံလေးကို ကလစ်နှိပ်လိုက်ပါ လိုအပ်ပါက installer ကိုအရင် save လုပ်ပြီး ၄င်းကို click နှစ်ချက်နှိပ် *ပါ။
  • ရှေ့ဆက်မသွားခင် Installation လမ်းညွှန်ကို ဖတ်ပါ။
  • Install လုပ်ပြီးပါက , installer ဖိုင်အားသင့်ကွန်ပျူတာမှ ဖျက်လိုက်နိုင်ပါသည်။

Thunderbird: Enigmail: GnuPG:

ပင်မ စာမျက်နှာ


ကွန်ပျူတာ လိုအပ်ချက်များ -

  • ၀င်းဒိုး ဗားရှင်း အားလုံး

ဒီလမ်းညွှန်ထဲမှာ အသုံးပြုတဲ့ ဗားရှင်းများ

  • Thunderbird 3.1.5
  • Enigmail 1.1.2
  • GNU Privacy Guard (GnuPG) 2.0.4

လိုင်စင် ခွင့်ပြုချက်

  • အခမဲ့ဖြစ်ပြီး ပွင့်လင်းတဲ့ အရင်းအမြစ် ဆော့ဗဲဝဲ

ဖတ်ရှုရမဲ့ အကြောင်းအရာများ


အဆင့် - ၁။ လက်သင်၊ ၂။ ပျမ်းမျှ၃။ အလယ်အလတ်၊ ၄။ အတွေ့အကြုံရှိသော၊ ၅။ အဆင့်မြင့်

ဒီဆော့ဗ်ဝဲကို စတင် သုံးစွဲဖို့ လိုအပ်တဲ့ အချိန် - ၄၀ မိနစ်

ပြန်လည်ရရှိမည့် အကျိုးကျေးဇူးများ -

  • ပရိုဂရမ်တခုထဲကို သုံးစွဲပြီး အီးမေးလ် အကောင့် အတော်များများကို စီမံခန့်ခွဲနိုင်တယ်
  • အင်တာနက်လိုင်း မရှိတဲ့အခါ အီးမေးလ်တွေကို ဖတ်ရှုနိုင်တယ်၊ ရေးသာနိုင်တယ်
  • အီးမေးလ်ကို သီးသန့်ဖြစ်စေဖို့ public key စာဝှက်စနှစ်ကို အသုံးပြုနိုင်တယ်

GNU Linux, Mac OS နဲ့ တခြား Microsoft Windows နဲ့ လိုက်ဖက်တဲ့ ပရိုဂရမ်များ -

Mozilla Thunderbird အီးမေးလ် ဂလိုင်းကို GNU Linux, Mac OS, Microsoft Windows နဲ့ တခြား OS တွေမှာ အသုံးပြုနိုင်တယ်။ အီးမေးလ် အကောင့် မျိုးစုံကို စီမံခန့်ခွဲရတာ ဒစ်ဂျစ်တယ် လုံခြုံရေး ရှုထောင့်ကနေကြည့်မယ် ဆိုရင် ရှုပ်ထွေးတဲ့ အလုပ်တခု ဖြစ်တယ်။ ဒါကြောင့် အဲဒီရည်ရွယ်ချက်အတွက် သုံးမယ်ဆိုရင် Mozilla Thunderbird ကို အသုံးပြုဖို့ အထူး အကြံပြုလိုတယ်။ ပလက်ဖောင်း မျိုးစုံမှာ အသုံးပြုနိုင်တဲ့ အခမဲ့ပြီး ပွင့်လင်းတဲ့ အရင်းအမြစ် ပရိုဂရမ်ဖြစ်တဲ့ Thunderbird မှာ ရရှိနိုင်တဲ့ လုံခြုံရေးဆိုင်ရာ အကျိုးအမြတ်တွေဟာ စီးပွားဖြစ် ထုတ်လုပ်တဲ့ Microsoft Outlook နဲ့ နှိုင်းယှဉ်ရင် ပိုပြီး အရေးပါပါတယ်။

ဒါပေမယ့်၊ Mozilla Thunderbird မဟုတ်တဲ့ တခြား ပရိုဂရမ် တခုခုကို အသုံးပြုမယ် ဆိုရင် အောက်မှာ ပါရှိတဲ့ အခမဲ့ပြီး ပွင့်လင်းတဲ့ တခြား အရင်းအမြစ်တွေကို ကျွန်တော်တို့ အကြံပြုလိုပါတယ် -

  • Claws Mail ကို GNU Linux နဲ့ Microsoft Windows တို့မှာ အသုံးပြုနိုင်တယ်။
  • Sylpheed ကို GNU Linux, Mac OS နဲ့ Microsoft Windows တို့မှာ အသုံးပြုနိုင်တယ်။
  • Alpine ကို GNU Linux, Mac OS နဲ့ Microsoft Windows တို့မှာ အသုံးပြုနိုင်တယ်။

၁.၁ ဒီပရိုဂရမ်ကို စတင် အသုံးမပြုခင် သိထားသင့်တဲ့အချက်များ


Mozilla Thunderbird ဟာ အခမဲ့ ဖြစ်ပြီး အီးမေးလ်တွေ ပေးပို့တာ၊ လက်ခံတာနဲ့ သိမ်းဆည်းတာတွေ လုပ်ပေးနိုင်တဲ့ ပွင့်လင်းတဲ့ အရင်းအမြစ် အီးမေးလ် ဂလိုင်းတခု ဖြစ်တယ်။ အီးမေးလ် ဂလိုင်း ဆိုတာ အင်တာနက် browser မပါပဲ အီးမေးလ်တွေကို download လုပ်ပေးနိုင်၊ စီမံခန့်ခွဲပေးနိုင်တဲ့ ကွန်ပျူတာသုံး ကိရိယာတခု ဖြစ်တယ်။ ပရိုဂရမ်တခုထဲကို သုံးစွဲပြီး အီးမေးလ် အကောင့် အတော်များများကို စီမံခန့်ခွဲနိုင်တယ်။ Thunderbird ကို အသုံးမပြုခင် သင့်ဆီမှာ အီးမေးလ် အကောင့်တခုခု ရှိနေရမှာ ဖြစ်တယ်။ အကယ်လို့ ဆန္ဒရှိတယ် ဆိုရင် Gmail (သို့) RiseUp အီးမေးလ် အကောင့်တွေကိုလည်း ဖွင့်ထားလို့ ရပါတယ်။

Enigmail ဟာ Thunderbird အတွက် အထူး ထုတ်လုပ်ထားတဲ့ add-on တခု ဖြစ်တယ်။ အဲဒါကို အသုံးပြုပြီး သုံးစွဲသူတွေဟာ GNU Privacy Guard (GnuPG) က ပံ့ပိုးထားတဲ့ စစ်မှန်ကြောင်း အတည်ပြုချက်တွေ၊ စာဝှက်စနှစ် features တွေကို အသုံးပြုနိုင်တယ်။

GnuPG ဟာ public key စာဝှက်စနစ် ပရိုဂရမ် တခု ဖြစ်ပြီး အီးမေးလ်စာတွေကို စာဝှက်တဲ့နေရာမှာ၊ စာဝှက်ဖေါ်တဲ့ နေရာတွေမှာ အသုံးပြုနိုင်တဲ့ key pairs တွေကို ထုတ်လုပ်ပေးပြီး စီမံခန့်ခွဲတဲ့နေရာမှာ ဖြစ်ဖြစ်၊ အီးမေးလ် ဆက်သွယ်ရေး လမ်းကြောင်းတွေကို သီးသန့်ဖြစ်စေဖို့နဲ့ လုံခြုံစေဖို့ အသုံးပြုနိုင်တယ်။ Enigmail အလုပ်လုပ်နိုင်အောင် GnuPG ကို install လုပ်ပေးရမှာ ဖြစ်တယ်။ ဒီအကြောင်းကို နောက်ပိုင်း အခန်းမှာ ဖော်ပြပေးထားပါတယ်။

No comments:

Post a Comment