Blogger Tips and TricksLatest Tips And TricksBlogger Tricks

Thursday, December 15, 2011

Mozilla Firefox ရဲ့ Setting တွေအကုန်လုံးကို Backupလုပ်ကြရအောင်

အင်တာနက်ကြည့်မယ်ဆိုရင်
Web Browser အများကြီးထဲကမှMozilla Firefox ကိုဘဲနှစ်သက်စွာသုံးဖြစ်ပါတယ်..ကျွန်တော်အမြဲကြည့်နေကျ
Website တွေဆို Bookmarks တွေ..
တချို့  website တွေဆို remember password လုပ်ထားတွေရှိတယ်..
အဲ့ဒီလို Mozilla Firefox ရဲ့ Setting တွေအကုန်လုံးကို Backup
လုပ်ထားရင် အဆင်ပြေတာပေါ့ဗျာ..အခန့်မသင့်လို့ Windows
ပြန်တင်ရရင်ပဲဖြစ်ဖြစ်


firefox
ကို ပြန် Install လုပ်တာပဲဖြစ်ဖြစ် restore လုပ်လိုက်တာနဲ့
မိမိအရင်ကထားခဲ့တဲ့ setting အကုန်လုံးအလွယ်တကူ ပြန်ရနိုင်ပါတယ် ။
ကဲ Restore လုပ်ကြရအောင်…..
Run ထဲကနေ” %userprofile%\Application Data\Mozilla\Firefox\Profiles”ကို
ရိုက်လိုက်ပါ.. အဲ့ဒါဆိုရင် Firefox ရဲ့ Profile တွေအကုန်လုံးကိုမှတ်ထားတဲ့
ABCD.default ဆိုတဲ့ Folder ကိုတွေ့ပါမယ်.. (ABCD ဆိုတာ ကွန်ပျူတာရဲ့ Code ပါ..
တစ်လုံးနဲ့တစ်လုံး မတူနိုင်ပါဘူး) .. အဲဒီ Folder တစ်ခုလုံးကို save ထားလိုက်ပါ..
ဒါဆို ရပါပြီ.. နောင်တချိန်အကြောင်းကြောင်းကြောင့် firefox Restore ပြန်လုပ်ရင်
Run ထဲကနေ ခုနက Command ကိုပြန်ရိုက်ပြီး
Folder လိုက်ပြန်ကူးထည့်လိုက်ရင် မိမိအရင်ကထားခဲ့တဲ့
Firefox ရဲ့ setting အကုန်လုံးအလွယ်တကူ ပြန်ရပြီးအရင်မှတ်ထား
တဲ့အချက်အလက်တွေအတိုင်းပုံမှန်ပြန်သုံးနိုင်ပါပြီ
Bookmarks တွေပြန်မရှာရတော့ဘူးပေါ့ဗျာ
အဆင်ပြေကြပါစေဗျာ

No comments:

Post a Comment