Blogger Tips and TricksLatest Tips And TricksBlogger Tricks

Sunday, December 18, 2011

TCP/IP ဖြစ်ပေါ်လာပုံ

TCP/IP ဖြစ်ပေါ်လာပုံ

(ကျွန်တော် ဆရာဦးဇော်လင်းတို့ ဆီက မှတ်ထားစုဆောင်း ထားတာလေးတွေပါ။ ပြန်ရှယ်လိုက်ပါတယ်ဗျာ။)
TCP/IP ဆိုတာ Protocol တစ်ခုပါပဲ။ TCP/IP မှာ အတိုကောက် အခေါ်အဝေါ် ဖြစ်ပါတယ်။ အပြည့်အစုံက
Transmission Control Protocol / Internet Protocol ပဲ ဖြစ်ပါတယ်။ ဒီ TCP/IP Protocol ကွန်ယက်တစ်ခု၊ Wide
Area Network (WAN) အင်တာနက်တစ်ခုအတွက် မရှိမဖြစ်အရေးပါသော Protocol တစ်ခုဖြစ်တယ်။
Network တစ်ခု၊
ကွန်ယက်တစ်ခုချိတ်တော့မယ်ဆိုရင် ဒီ TCP/IP Protocol ဟာ ပထမဦးဆုံးသော လိုအပ်ချက်တစ်ခုဖြစ်တယ်။ TCP/IP
Protocol မရှိရင် ဘယ်လိုမှ ကွန်ယက်တစ်ခု၊ အင်တာနက်တစ်ခုဖြစ်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ TCP/IP Protocol ဆိုတာက
IT Industry တစ်ခုကနေပြီးတော့ စံအဖြစ် သတ်မှတ်ပေးလိုက်သော Industry Standard Protocol တစ်ခုပါပဲ။
ဘာအတွက်လဲဆိုရင် တစ်ကမ္ဘာလုံးဆိုင်ရာ အသုံးပြုနိုင်ဖို့အတွက် ကွန်ယက်ကြီးတစ်ခုမှာ အသုံးပြုဖို့အတွက် ဒီဇိုင်းဆွဲ
ထုတ်လုပ်ခဲ့ခြင်း ဖြစ်တယ်။ ဒီ TCP/IP ဟာဆိုရင် အင်တာနက် နည်းပညာရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းကြီး
တစ်ခုဖြစ်သလို၊ အင်တာနက်ကို အလွယ်တကူနဲ့ အသုံးပြုနိုင်ခြင်း၊ Setup လုပ်ခြင်းတို့ကို ဖြစ်စေပါတယ်။ ဒီတော့ သင်ဟာ
အင်တာနက်ကို ချိတ်ဆက်တော့မယ်ဆိုရင် ဒါမမဟုတ်လဲ အင်တာနက်ကို အသုံးပြုပြီးတော့ တစ်စုံတစ်ရာ ရှာချင်တယ်
ဆိုလို့ရှိရင် ဒီ TCP/IP Protocol ကို ကိုယ်အသုံးပြုမယ့် Server စက်မှာလည်း သတ်မှတ်ပေးရသလို ကွန်ယက်
ချိတ်ဆက်ထားသော Workstation ကွန်ပျူတာတွေမှာလည်း လိုက်ပြီးတော့ ကွန်ပျူတာ တစ်လုံးချင်းစီ
လိုက်သတ်မှတ်ပေးရမှာ ဖြစ်တယ်။ ဒါမှ အင်တာနက်ကို အသုံးပြုတာပဲ ဖြစ်ဖြစ်၊ ကွန်ပျူတာ တစ်လုံးနှင့်တစ်လုံး Data
အချက်အလက်တွေ ဖလှယ်ဖို့ပဲ ဖြစ်ဖြစ် TCP/IP Protocol ကို အသုံးပြုမှရမှာ ဖြစ်တယ်။ လုံးဝ ဒီ TCP/IP Protocol ကို
မသုံးရင် မရပါဘူး။ ဒါကြောင့်လည်း TCP/IP Protocol ဟာ အင်တာနက် ချိတ်ဆက်တဲ့ အခါမှာပဲ ဖြစ်ဖြစ်၊ ကွန်ပျူတာတွေ
တစ်လုံးနှင့်တစ်လုံး Network ချိတ်ဆက်တဲ့အခါမှာပဲဖြစ်စေ ဒီ TCP/IP ကို အသုံးပြုမှ အသုံးပြုလို့ရတာ ဖြစ်တယ်။ ဒီတော့
TCP/IP Protocol ဟာ အင်တာနက်မှာပဲဖြစ်ဖြစ်၊ ကွန်ပျူတာတွေ တစ်လုံးနှင့်တစ်လုံး ကွန်ယက်ချိတ်ဆက်တဲ့
အခါမှာပဲဖြစ်ဖြစ် ဘယ်လောက်အရေးပါတယ်ဆိုတာ သိမယ်နော်။
အဲ့တော့ ဒီလောက်တောင်အရေးပါတဲ့ TCP/IP ဟာ ဘယ်လိုစတင်ပေါ်ပေါက်လာတယ်ဆိုတာကို ပြောပြမယ်။ TCP/IP
Protocol ဟာ ၁၉၇၃ ခုနှစ်ဝန်းကျင်မှ စတင်မိတ်ဆက်လာခဲ့တယ် ဆိုပေမယ့် ၁၉၈၃ ခုနှစ်ကျမှ Standard Version
စံတစ်ခုအဖြစ် သတ်မှတ်လာခဲ့တာ ဖြစ်ပြီးတော့ Wide Area Network တွေ စတင်အသုံးပြုဖို့ ဖြစ်ပေါ်လာခဲ့တာ ဖြစ်တယ်။
အဲ့ဒီနှစ်မှာပဲ TCP/IP ဟာ သူ့ရဲ့ရှေ့က ARPNet အတွက် Official Transport Mechanism ဖြစ်ခဲ့ပါတယ်။
ဒါတွေကိုခြုံပြီးပြောရရင်-
• ၁၉၇၀ -Advanced Research Agency Network (ARPNET) Hosts ဟာ Network Control Protocol (NCP)
ကို စတင်အသုံးပြုခဲ့ပါတယ်။
• ၁၉၇၂ -ပထမဦးဆုံးသော Telnet Specification ဖြစ်တဲ့ Ad hoc Telnet Protocol ဟာ RFC 318 အဖြစ်
တင်သွင်းခဲ့ပါတယ်။ RFC ဆိုတာ Request for Comments ပါ။
• ၁၉၇၃ -RFC 454 ဖြစ်တဲ့ File Transfer Protocol စတင်ပါတယ်။
• ၁၉၇၄ -Transmission Control Program (TCP) ကို အသေးစိတ်သတ်မှတ်ကြပါတယ်။
• ၁၉၈၁ -IP Standard ကို RFC 791 မှာ ထုတ်ပြန်ပါတယ်။
• ၁၉၈၂ -Defense Communications Agency (DCA) နဲ့ ARPA တို့ Transmission Control Protocol (TCP) နှင့်
Internet Protocol (IP) ကို ထုတ်ပါတယ်။
• ၁၉၈၃ -ARPANET ဟာ NCP မှ TCP/IP ကို ပြောင်းပါတယ်။
• ၁၉၈၄ -Domain Name System (DNS) စတင်ပါတယ်။
နောက်ပြီးတော့ ဒီ TCP/IP Protocol ကို ထုတ်လုပ်လာခဲ့တဲ့ အကြောင်းရင်းတွေလည်း ရှိပါတယ်။
• အားလုံးသော Hardware နှင့် Softward ထုတ်လုပ်သူတွေကို မမှီခိုရစေဖို့။ TCP/IP ဟာ ဒီနေ့အထိ IBM, Novell,
Microsoft, DEC စသည့် Company တွေအပြင် တခြား Company တွေနှင့်လည်း ချိတ်ဆက်ထားခြင်းလည်း မရှိပါဘူး။
• နောက်ပြီး သူ့မှာ Built-in Failure Recovery ပါရှိပါတယ်။ ကြီးမားတဲ့ ကွန်ယက်အစိတ်အပိုင်းတစ်ခု
ပျောက်ပျက်သွားသည့်တိုင် ဒီ Protocol ဟာ အလုပ်ကို ဆက်လက် လုပ်ကိုင်နိုင်ပါတယ်။
• High Error Rates ကို ချုပ်ကိုင်နိုင်သည့်အပြင် End to End Service ကို ပြည့်စုံစွာ ပံ့ပိုးပေးနိုင်ပါတယ်။
ဘယ်ကွန်ယက်ရဲ့ ၀န်ဆောင်မှုကိုမှ ပျက်တောက်သွားစေခြင်း မရှိပဲ ကွန်ယက်အသစ်တွေကို ထပ်မံချိတ်ဆက်နိုင်ပါတယ်။
• IP Protocol ဟာ Header မှာ 20 Byte ရှိပါတယ်။ တခြားကွန်ယက်တွေနှင့် နှိုင်းယှုဉ်ရင် ပိုမိုပြီး Performance
ကောင်းစေပါတယ်။

No comments:

Post a Comment