Blogger Tips and TricksLatest Tips And TricksBlogger Tricks

Monday, December 26, 2011

အသုံးဝင်သော Google reader နှင့် facebook like box သုံးစေချင်လို့ပါ

မသိသေးတဲ့သူတွေအတွက်ပါပဲ အချို့ ကိုယ့်ရဲ့ဆရာသမားတွေတောင် မသုံးကြလို့ ရေးသားလိုက်ပါတယ်။

ကျနော်အင်တာနက်သုံးမယ်ဆိုရင် အရင်ဆုံး gmail ကို ဖွင့်ပါတယ် ပြီးရင် Google reader
ကို ၀င်တယ် ပြီးတာနဲ့ facebook က Home ကို တန်းပြီးသွားပါတယ်။
သူတို့ရဲ့ကောင်းကျိုးတွေကတော့
အရင်တုန်းကတော့ ကိုယ်သိတဲ့ website တွေက အနည်းအကျဉ်းလောက်ပဲ ရှိတဲ့အတွက် မှတ်လို့လွယ်ပါတယ်။
နောက်ပိုင်း ကိုယ်လေ့လာရမဲ့ website တွေက အရမ်းကို များပြားနေတဲ့အခါကျတော့ Bookmark tool bar ကို အသုံးပြုပါတယ်။

ခရီးတွေထွက်ရတဲ့ အခါကြမှ ကိုယ်မှတ်ထားတာက ကွန်ပျူတာမှာပဲ ဆိုတော့ လုံးဝအဆင်မပြေပါဘူး အဲ့ဒီအတွက် online မှာပဲ မှတ်သားထားတာပိုကောင်းမယ်လို့ အကြံရသွားပါတယ်။
Google reader
Google reader အနေနဲ့ သင့်မှာ Gmail အကောင့်တစ်ခုရှိရင်အဆင်ပြေပါပြီ အခြား online reader တွေလိုအကောင့်တွေလည်း ထပ်ဖောက်စရာမလိုတော့ပါဘူး
Google ကပေးထားတဲ့ ကောင်းမွန်တဲ့ fuction တစ်ခုပဲ Bookmarks အနေနဲ့လည်း အဆင်ပြေသလို Subscribe လုပ်ထားတဲ့ website တွေ blogspots တွေရဲ့
Update တွေကို တစ်ထိုင်တည်း သိရှိနိုင်ပါတယ်။ခြွင်းချက်ကတော့ Subcribe ပိတ်ထားတဲ့ site တွေကတော့ ချိတ် လို့ မရဘူးပေါ့ :)
သင့်က အခြား ဘာ reader မှလည်း မသုံးဘူးဆိုရင်တော့ သုံးသင့်တယ်လို့ထင်ပါတယ်။Bookmarks အတွက်ပဲ သုံးမယ်ဆိုရင်တော့ Google Bookmarks ရှိပါတယ်။
ဒါပေမဲ့သင်က Blogspots တွေ websites တွေရဲ့ Update posts တွေကို တစ်နေရာတည်းမှာပဲ စုစုစည်းစည်း နဲ့ သိချင်တယ် ပြီးတော့ နည်းပညာဆိုရင် နည်းပညာ၊ သတင်းဆိုရင် သတင်း အပိုင်းလိုက်ကို folder ဆောက်ထားလို့ရပါတယ်။

အောက်ကပုံမှာကြည့်လိုက်ပါ ကိုယ်ကြိုက်တဲ့ site ကို subscribe ဆိုတဲ့ button ကိုကလစ်ပြီး add ကို နှိပ်လိုက်ရင် reader မှာ လင့်ချိတ်ပြီးပါပြီ ချိတ်ပြီးသွားတဲ့ site ရဲ့အောက်မှာ ကြိဂံလေး ရှိပါတယ် ထပ်ကလစ်ပြီး new folder မှာ ကိုယ်ကြိုက်တဲ့ အပိုင်းလိုက်
ချိတ်ထားလို့ရပြီပေါ့ (မှတ်ချက်။အချို့ ဆိုဒ်တွေကတော့ reader တွေကိုပိတ်ထားပါတယ်)



Facebook like box
ကျနော်လည်း စသုံးကာစ websites တွေမှာ facebook like box တွေ လုပ်ထားတာ ဘာကြောင့်လုပ်ထားမှန်းမသိခဲ့ရိုးအမှန်ပါ ကျနော်ထင်ခဲ့တာက သူတို့ website ကို
ကြိုက်လို့ like ပေးတာပဲလို့ ထင်ခဲ့ပါတယ်။ facebook ကိုလည်း လူတွေဘာကြောင့် ကြိုက်မှန်းမသိခဲ့ဘူးပေါ့ ခုတော့ facebook မှာချည်းပဲ ကိုယ် like လုပ်ထားတဲ့ ဆိုဒ်တွေကလည်း နည်းမှ မနည်းပဲကိုး :D ။ Facebook အနေနဲ့လည်း သူ့ ပေါ်မှာတင် ကိုယ်ပိုင် page တွေလုပ်လို့ ရအောင်ပေးထားတာတွေနဲ့ အဓိက ကတော့ link တွေ share ပေးတာတွေ application တွေ Game တွေပါ့ :) ခုနောက်ပိုင်းလည်း website တွေ blog တွေ တော်တော်များများကလည်း like box တွေလုပ်လာကြ
တာကိုလည်း မြင်တွေ့ရပါတယ်။ကဲဒီတော့ like ကြပါ ပြီးတော့ Home ကိုသွားလိုက်ရင် ကိုယ့်သူငယ်ချင်းတွေဘာတွေလုပ်နေလဲ ပြီးတော့ website တွေရဲ့ update တွေကို
တစ်ထိုင်တည်းသိပြီပေါ့ :) :)


No comments:

Post a Comment