Android ဖုန်းတွေမှာ မြန်မာဖေါင့်ကိုအပြည့်အ၀အသုံးချနိုင်ရန်အတွက်ဖုန်းကို root အရင်လုပ်ရပါတယ်။
ဒါမှ contact name,file name,messages စတာတွေကိုမြန်မာဘာသာနဲ့ရေးနိုင်၊ဖတ်နိုင်၊ပို့နိုင်မှာဖြစ်ပါတယ်။
အရေးကြီးတာက root လုပ်တာအောင်မြင်ဘို့ပါဘဲ။ဖုန်းအမျိုးအစားမော်ဒယ်ဗားရှင်းပေါ်မူတည်ပြီးrootလုပ်တာလဲ
အမျိုးမျိုးရှိပါတယ်။root လုပ်ရတာအဆင်မပြေသောသူများနှင့်မြန်မာဘာသာဖြင့်မဖြစ်မနေmessages ပို့ချင်သူများ
အတွက်ရည်ရွယ်ပါသည်။သိပြီးသူများသည်းခံစေလိုပါသည်။(သိသလောက်မျှဝေခြင်းပါ၊ဆရာမဟုတ်ပါ)
အရင်ဦးဆုံးအောက်က software ၂ခုကိုဒေါင်းပီးဖုန်းထဲinstall အရင်လုပ်လိုက်ပါ။
MyanDroid-Soft-Keyboard-Zawgyi-Beta.apk
zawgyipad.apk
ပထမဦးဆုံးzawgyipad ကိုဖွင့်လိုက်ပါ၊စာရိုက်ရန်နေရာမှာ၃စက္ကန့်ဖိထားပြီး input method မှာ
MyanDriodSoftkeyboard ကိုရွေးပါ။
သင်ရေးပို့ချင်သောစာများရိုက်ထည့်ပါ။မြန်မာလိုဖတ်နိုင်၊ရေးနိုင်နေပါလိမ့်မည်။ရေးပီးရင်၃စက္ကန့်ဖိထားပြီး
copy (or) copyall (or) copytext (or) copy all တခုခုယူလိုက်ပါ။ပီးရင်တော့
message > new message ကိုသွားပီး ၃စက္ကန့်ဖိထားပြီး paste (or) paste all ကိုနှိပ်လိုက်ပါ၊
သင်ခုနရေးထားသောဖေါင့်ဟာလေးထောင့်အကွက်တွေသာမြင်ရမှာပါ။ပြသနာမရှိပါ သင်ပို့ချင်သောဖုန်းနံပါတ်ကို
ပို့လို့ရပါပြီ။ ဒီနေရာမှာတခုပြောချင်တာက တဖက်ကလက်ခံတဲ့ဖုန်းက root လုပ်ပြီးmyanmar font ထည့်ပီးသား
ဆိုရင်တော့အဆင်သင့်မြန်မာဖေါင့်ကိုဖတ်ယုံပါဘဲ။root မလုပ်ရသေးဘူးဆိုရင်တော့ လေးထောင့်အကွက်တွေဘဲမြင်ရမှာပါ။
မြန်မာဘာသာနဲ့မြင်ရဘို့ copy messages text ကိုနှိပ်ပြီး zawgyipad မှာ paste all နှိပ်လိုက်ရင် တဖက်ကပို့လိုက်တဲ့
စာတွေမြန်မာလိုမြင်ရပါပြီဗျာ။ ပိုရှင်းအောင် အောက်ကပုံတွေကြည်လိုက်ပါ။ root လုပ်ရတာအဆင်မပြေသူများနှင့်
ဘားဂလစ်ဘာသာ နဲ့ပို့နေရသူများအတွက် ပိုမိုထိရောက်မယ်လို့ထင်ပါတယ်ဗျာ။
အဆင်ပြေကြပါစေ။ ကိုရဲနိုင် 0129180617 yeyenai10@gmail.com

Thanks....
ReplyDelete