Blogger Tips and TricksLatest Tips And TricksBlogger Tricks

Saturday, November 19, 2011

Shift+Del မနိုပ်ရပဲ ဖြတ်သမျှ recycle bin ထဲ မ၀င်အောင်

ကျွန်တော် တို့ တော်တော်များများပေါ့ ... delete မနိုပ်ကြပဲ .. Shift + Delete ပဲ သုံးကြတယ် ။ Recycle bin မှာ သွားဖြတ်နေစရာ မလိုအောင်တဲ့..။ အကျင့်တောင် ပါနေကြပြီ။ ဒါဆို shift+del မနိုပ်ရပဲ .. အမြဲတမ်း ဖြတ်လိုက်သမျှ recycle bin ထဲ မရောက်အောင် လုပ်ထားရင် ပို အဆင်ပြေ ပါလိမ့်မယ်။ ထုံးစံ အတိုင်း registry နဲ့ပဲပေါ့။
Run - regedit နဲ့ registry editor ကို ခေါ်လိုက်ပါ။ ပြီးရင် အောက်ပါ DTree အတိုင်း သွားပေးပါ။



HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\
Explorer

Explorer ကို နိုပ်လိုက်။ ညာဘက်က ပေါ်လာတဲ့ အကွက်ရဲ့ နေရာလွတ်မှာ R-Click - New - DWORD Value ကို နိုပ်ပြီး name ကို NoRecycleFiles လို့ပေးလိုက်ပါ။



ပြီးရင် အဲဒီ item လေးကို D-Click ပေးပြီး တန်ဖိုး ကို 1 လို့ ပေးလိုက်ပါ။ အဲဒါဆိုရင် ဖြတ်လိုက်သမျှ recycle bin ထဲ မရောက်တော့ပါဘူး။ (အဲဒီတန်ဖိုး ပြောင်းပြီးတာနဲ့ ချက်ချင်း စမ်းလို့ ရပါတယ်၊ reinitialize လုပ်စရာမလိုပါ)
value ကို 0 ပေးလိုက်ရင်တော့ ပုံမှန်အတိုင်း ပြန်ဖြစ်ပါတယ်။ NoRecycleFiles ဆိုတာကို click ပေး delete key နိုပ်ပြီး ဖြတ်ရင်လည်း ရပါတယ်..။


User Key: [HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\
Explorer]
Value Name: NoRecycleFiles
Data Type: REG_DWORD (DWORD Value)
Value Data: (1 = enabled restriction)

(ကွန်ပျူတာကို ကောင်းကောင်း ကျွမ်းကျင် နေသူများအတွက်တော့ ကျနော် ရေးသမျှ အဆင့်တွေ များပြီး ရှည်ချင်ရှည်နေပါလိမ့်မယ်။ ကျွန်တော်က ခုမှ ကွန်ပျူတာ စသုံးတဲ့ လူတွေပါ လိုက်လုပ်နိုင်အောင် ရေးခြင်းဖြစ်ပါတယ်။


No comments:

Post a Comment