Blogger Tips and TricksLatest Tips And TricksBlogger Tricks

Thursday, November 17, 2011

DNS Server အကြောင်း


ကဲ ဒီတော့ DNS Server ရဲ့ အရှည်ကောက် ဘယ်လိုခေါ်တယ်ဆိုတာကို စမှတ်ထားပါနော်။ DNS Server ရဲ့အရှည် ကောက်ကတော့ Domain Name System လို့ခေါ်ပါတယ်။ DNS Server ကို အသုံးပြုရတဲ့ အကြောင်းရင်းကတော့ TCP/IP Protocol ကိုအသုံးပြုပြီး Network ချိတ်တာကစတာပဲ။ ကဲစဉ်းစား ကြည့်ရအောင်နော်။ TCP/IP Protocol ကို အသုံးပြုတဲ့ အဆင့်ကနေ ဘာကြောင့် DNS Server ကို အသုံးပြုလာရတာလဲ လို့ပြောရင် ကျွန်တော်တို့တွေ Computer တွေကို တစ်လုံးနဲ့တစ်လုံး Network ချိတ်ဆက်တော့မယ်ဆိုတာနဲ့ ဘာစလုပ်မလဲ။ ဟဲဟဲ Computer တွေတစ်လုံးနဲ့တစ်လုံး Network ချိတ်တော့ မယ်ဆိုတော့ Computer တွေ အားလုံးကို IP Address လိုက်ပေးလိုက်ရမှာပေါ့။ ဟော Computer တွေကို IP Address ပေးပြီး၊ Network ချိတ်ရမယ်ဆိုက တည်းက IP Address ပေးလို့ရဖို့သည် TCP/IP Protocol ရှိမှ Computer တွေကို Network ချိတ်ဆက်ဖို့အတွက် IP Address တွေပေးလို့ရမှာလေ။
အဲဒီတော့ ကျွန်တော်တို့တွေက Computer တွေတစ်လုံးနဲ့တစ်လုံး Network ချိတ်ဆက်နိုင် ဖို့အတွက် TCP/IP Protocol ကို အသုံးပြုပြီး Computer တိုင်းကို IP Address တွေ သတ်မှတ်ပေးလို့ ရမှာပေါ့။ ဘာကြောင့် TCP/IP Protocol ရှိမှ Computer တွေကို IP Address ပေးလို့ရမှာလဲလို့ပြောရင် TCP/IP Protocol က IP Address နဲ့ပဲ အလုပ်လုပ်တဲ့အတွက်ကြောင့် ကျွန်တော်တို့တွေက Computer တွေကို Network ချိတ်တော့မယ်ဆိုတာနဲ့ TCP/IP Protocol ကို အသုံးပြုပြီး Computer တွေ တစ်လုံး နဲ့တစ်လုံး Network မိအောင်ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။ DNS Server တွေကို အသုံးပြုရတဲ့အကြောင်း အရင်းကလည်း အဲဒီ TCP/IP Protocol ကိုအသုံးပြုပြီး Computer တွေ တစ်လုံးနဲ့တစ်လုံး Network မိအောင် ချိတ်ဆက် တဲ့နေရာက စတာပဲ။ ဟ...TCP/IP Protocol ကို အသုံးပြုပြီး Network ချိတ်တာနဲ့ DNS Server အသုံးပြုတာနဲ့ကဘာဆိုင်လို့လဲ။ ဒါကဒီလို ရှိတယ်ဗျ။ စဉ်းစား ကြည့်ရအောင်နော်။ ကျွန်တော်တို့တွေ တစ်ကမ္ဘာလုံးမှာ Computer တွေ တစ်လုံးနဲ့ တစ်လုံး Network ချိတ်တော့ မယ်ဆိုတာနဲ့ Computer တွေ Network ချိတ်ဆက် ဖို့ရန်အတွက် အသုံးပြုရတဲ့ Protocol က TCP/IP Protocol ကို အသုံးပြုတယ်လေ။ ဟော..TCP/IP Protocol ကိုသုံးပြီဆိုကတည်းက TCP/IP Protocol က IP Address နဲ့ အလုပ်လုပ်တယ်လေ။ TCP/IP Protocol က IP Address နဲ့အလုပ်လုပ်တယ် ဆိုတော့ ကျွန်တော် တို့ ကမ္ဘာမှာ Network ချိတ်ဆက်ထားတဲ့ Computer တွေရဲ့ အရေအတွက်ကို ကြည့်မယ်ဆိုရင် မရေမတွက် နိုင်အောင်ကို များပြားလွန်းလှတယ်လေ။

အဲဒီလို များပြားလှတဲ့ Computer တွေ တစ်လုံးနဲ့တစ်လုံး Network ချိတ်ဆက်ထားတာက TCP/IP Protocol ကိုသုံးပြီး ချိတ်ဆက်ထားတယ်။ TCP/IP Protocol ကို အသုံးပြုပြီဆိုကတည်းက Computer တိုင်းမှာ IP Address တွေရှိတာပေါ့။ ဒီလိုဆိုရင် ကျွန်တော်တို့ တစ်ကမ္ဘာလုံးမှာ မရေတွက်နိုင် အောင် ချိတ်ဆက်ထားတဲ့ Computer တွေရဲ့ IP Address တွေကို မှတ်ထားရမယ်ဆိုရင် ဘယ်သူမှ မှတ်ထား နိုင်ကြမှာ မဟုတ်ဘူးလေ။ ဒီတော့ အဲဒီလို IP Address တွေကို မမှတ်သားထားနိုင်တော့ အဲဒီ IP Address တွေကို မှတ်ထားစရာမလိုတော့ဘဲ နာမည်ကိုပဲ မှတ်ထားလို့ ရတဲ့စနစ်ကို ကျင့်သုံးကြတာပေါ့။ ဟော..တွေ့လား။ TCP/IP ကို အသုံးပြုပြီး Network တော့ ချိတ်ထားပါတယ်။ Network ချိတ်ဆက်တဲ့ Computer အလုံးအရေအတွက် တွေက မရေတွက်နိုင်အောင်များပြားလွန်းတော့ IP Address တွေကို ဘယ်သူမှ မှတ်မထားနိုင်ကြဘူး။ အဲဒီလို IP Address ကို မှတ်မထားနိုင်ပေမယ့် အဲဒီ IP Address ကို Name တစ်ခုဖြစ်အောင်လုပ်ပြီး၊ IP Address ကိုမမှတ်ဘဲ IP Address ကိုပေးထားတဲ့ Name ကိုပဲ မှတ် မယ်ဆိုရင်တော့ အဆင်ပြေသွားပြီပေါ့။ ဟုတ်တယ်မှတ်လား။

ကဲကဲ သေသေချာချာမှတ်နော်။ အဲဒီ IP Address တွေကို နာမည်သတ်မှတ်ပေးချင်တယ်ဆိုရင် DNS Server ကို အသုံးပြုရမယ်နော်။ ဒီတော့ DNS Server ကို အသုံးပြုရတာသည် IP Address တွေကို နာမည် ပေးဖို့ရန်အတွက် Naming System ပေါ့ဗျာ။ အဲဒီအတွက်အသုံးပြုရတာပဲ ဖြစ်တယ်။ DNS Server ကို ဘာကြောင့် Install လုပ်ရတယ်ဆိုတာကို Example အနေနဲ့ တစ်ခုပြောပြမယ်။ Internet ပေါ့ ဗျာ။ ကျွန်တော်တို့တတွေ Internet ပေါ်မှာ မိမိကြည့်ချင်တဲ့ Website တစ်ခုကို ကြည့်မယ်ဆိုရင် Internet Explorer ထဲက Address Bar မှာ Website Name ကို ရိုက်ထည့်ပေးရမယ်လေ။ ကဲ ဒီတော့ www.google.com ဆိုတဲ့ နာမည်ကို ရိုက်ထည့်ပြီး၊ Enter Key ကိုနှိပ်လိုက်မယ်ဆိုရင် Internet Explorer ထဲမှာ Google Web Page ကျလာမှာပေါ့။ ကျွန်တော်ပြောချင်တာက အဲဒီ www.google.com ဆို တဲ့ နာမည်ကို ကျွန်တော်တို့က မှတ်မိနေလို့ အလွယ်တကူ Google WebSite ကို ကြည့်လို့ရတာဖြစ်တယ်။ But...ဒါပေမယ့် www.google.com ဆိုတဲ့ နာမည်ရဲ့နောက်ကွယ်မှာ အလုပ်လုပ်တာက IP Address က အလုပ်လုပ်သွားတာ ဖြစ်တယ်။ အဲဒီလို IP Address အလုပ်လုပ်တာသည် www.google.com Website တစ်ခုတည်း အလုပ်လုပ်တာမဟုတ်ဘူး။ ကျွန်တော်တို့ Internet ပေါ်မှာ ကြည့်နေတဲ့ Website တိုင်း၊ Website တိုင်း၊ ရဲ့နောက်ကွယ်မှာ အလုပ်လုပ်တာသည် IP Address ကပဲ အလုပ်လုပ်သွားတာ ဖြစ်တယ်။ သဘောပေါက်လားတော့ မသိဘူး။ ကျွန်တော် ဆိုလိုချင်တာ ကလေ၊ အဲ့ဒီ Website Name ကိုခေါ်လို့ရဖို့ အတွက် နောက်ကွယ်ကနေ အလုပ်လုပ်သွားတဲ့ IP Address ကို နာမည်ပေးထားတဲ့ Website Name ပဲဖြစ်တယ်။ အဲ့ဒီလိုမျိုး IP Address ကို နာမည်ပေးလို့ရဖို့ကလည်း DNS Server ရှိမှနာမည်ပေးလို့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေဟာ IP Address ကို နာမည်ပေး ဖို့ရန်အတွက် DNS Server ကိုထိုင်ပြီး၊ IP Address တွေကို နာမည်ပေးတဲ့စနစ်ကို ကျင့်သုံးကြတာပဲ ဖြစ်ပါတယ်။

ကဲ ဒီလောက်ဆိုရင် DNS Server ကို ဘာကြောင့်အသုံးပြုရတယ်ဆိုတာ သဘောပေါက်နားလည် မယ်လို့ ထင်ပါတယ်။ ထပ်ပြီး မှတ်ထားလိုက်ပါဦးနော်။ DNS Server ဆိုတာ IP Address တွေကို နာမည် ပေးထားတဲ့ Server ဖြစ်တယ်။ Network အသင့်ချိတ်ဆက်ထားတဲ့ Computer အလုံးအရေအတွက် တွေ များလာလို့ IP Address ကိုမှတ်ရတာ အဆင်မပြေဘူးဆိုရင် DNS Server ထိုင်ပေးရမယ်ဆိုတာ မမေ့နဲ့နော်။ ကျွန်တော်ခုနက Example အနေနဲ့ ရှင်းပြခဲ့တဲ့ www.google.com ဆိုတဲ့ Domain Name ရဲ့နောက် ကွယ်မှာ အလုပ်လုပ်နေတဲ့ IP Address ကိုကြည့်မယ်ဆိုရင်တော့ အောက်ပါပုံထဲက Command ကိုအသုံး ပြုပြီး ကြည့်လို့ရပါတယ်။


မှတ်ချက်။ ။မိမိကြည့်ချင်တဲ့ Website ရဲ့ IP ကိုသိချင်ရင်လည်း ၄င်း Command ကိုပဲ အသုံးပြုပြီး ကြည့်လို့ရပါတယ်။

No comments:

Post a Comment