Blogger Tips and TricksLatest Tips And TricksBlogger Tricks

Saturday, November 19, 2011

Screen shot ဖမ်းဖို့ နည်းလမ်း (၁၅) သွယ်


ကွန်ပျူတာမှာ ပြဿနာ အခက်အခဲ တစ်ခုတွေ့ခဲ့တယ်။ နားလည်တတ်ကျွမ်းတဲ့လူ ရောက်လာတော့ အဲဒီပြဿနာဟာ မရှိတော့ဘူး။ ဒါဆိုရင် လုပ်သင့်တာက ပြဿနာ တစ်စုံတစ်ခု ရှိတိုင်းမှာ “screen shot” ဖမ်းယူထားပါ။ အွန်လိုင်းဂျာနယ် သမား တစ်ယောက် အတွက် screen shot ဟာ အရေးပါသလို internet ကို ဆက်စပ် သုံးစွဲနေတဲ့ လူတိုင်းအတွက် screen shot ဟာ အရေးကြီး ပါတယ်။ screen shot ဖမ်းတဲ့အချိန်မှာ စာမျက်နှာ တစ်ခုလုံး ရရှိဖို့ဆိုတာ အထိုက်အလျှေက် တန်ဖိုးရှိပါတယ်။ အများသောအားဖြင့် ‘print-on-screen’ မြင်ကွင်းကွက်ကွက် လေးကိုပဲ ရနေတတ်တယ်။ စာ တစ်မျက်နှာလုံး ရအောင် screen shot ဖမ်းယူနိုင်ဖို့ အတွက် နည်းလမ်းတွေ ဖော်ပြထားပါတယ်။

Plug-in

Save as image : (https://addons.mozilla.org/en-US/firefox/addon/3408)
ဒါဟာ firefox browser ကနေ အဆင်သင့်ပါလာတဲ့ plug-in တစ်မျိုးပါ။ ကိုယ်လိုချင်တဲ့ image ပေါ်ကို Right click နှိပ်ပြီး ’save as image’ ကို click နှိပ်ပါ။ ဘယ်နေရာမှာ သိမ်းမလဲ ဆိုပြီး မေးလာတဲ့ အခါမှာ အလွယ်ကူဆုံး ‘desktop’ ကိုသာ ညွှန်ပြလိုက်ပါ။
Pearl crescent page saver : (http://pearlcrescent.com/products/pagesaver/)
(jpg) နဲ့ (png) format တွေကို webpage တွေ ကနေတစ်ဆင့် image save လုပ်ပေးပါလိမ့်မယ်။ သူဟာ firefox ထဲကို လွယ်လွယ်ကူကူ install လုပ်ရတဲ့ plug-ins မျိုးတစ်ခုပါပဲ။
Picnik for firefox : (http://addons.mozilla.org/en-US/firefox/addon/4889)
online image editor လို့ လူသိများတဲ့ picnik ကတော့ ဖွင့်ထားတဲ့ webpage တစ်ခုလုံးကို အပေါ်ကနေအောက် ရှိရှိသမျှ ပုံရော၊ စာကိုရော save လုပ်ပေးနိုင်ပြီး firefox ထဲကို အလွယ်တကူ install လုပ်နိုင်တဲ့ plug-in လေးတစ်ခုပဲ ဖြစ်ပါတယ်။
Snissa : (http://www.snissa.com)
ရိုးစင်း လွယ်ကူတဲ့ plug-in လေးတစ်ခုဖြစ်ပြီး webpage တစ်ခုလုံးကို အသေးစိတ် screen shot ဖမ်းယူ ပေးနိုင်ပါတယ်။
Screengrab : (http://addons.mozilla.org/en-US/firefox/addon/1146)
လူကြိုက်အများဆုံးနဲ့ လူသုံးအများဆုံး screen-shot plug-in တစ်ခုဖြစ်ပါတယ်။ window ဖွင့်ထားတဲ့အခါ ဖုံးကွယ်နေတဲ့ အပိုင်းတွေကိုရော webpage ရဲ့  ဖုံးကွယ်နေတဲ့ အပိုင်းတွေကိုရော capture ဖမ်းယူနိုင်ပြီး the whole page capture လို့ လူသိများကြပါတယ်။ ရယူနိုင်တဲ့ လိပ်စာကို copy ကူးယူပြီး address bar မှာရိုက်သွင်းလိုက်တာနဲ့ Mozilla ရဲ့ addons ခန်းမ အတွင်းကို ရောက်ရှိသွားပါလိမ့်မယ်။ အဲဒီကနေတစ်ဆင့် click နှိပ်ပြီး အလွယ်တကူ download လုပ်ယူပြီး install လုပ်နိုင်ပါတယ်။ (.png)extension နဲ့ image ထုတ်ပေးပါလိမ့်မယ်။
IE Snapshotter : (http://www.filedudes.com/ieSnapshotter-download-45699.html)
internet explorer အတွက် shareware plug-in တစ်ခု ဖြစ်ပါတယ်။ webpage တွေကို opera ရဲ့ “thumbnail’ option လိုမျိုး ကြည့်ရှုလို့ရစေမှာ ဖြစ်တဲ့အပြင် ie နဲ့ ဖွင်းထားပြီး ပျောက်ကွယ်နေတဲ့ scroll bar ရဲ့ အောက်ခြေပိုင်းတွေကိုပါ ’screen shot’ ဖမ်းပေးပါလိမ့်မယ်။

Standalone Program

SnagIT : snagit ကတော့ firefox အတွက် add-ons တစ်ခု အနေနဲ့လည်း ထုတ်ဝေဖြန့်ချီ ပေးထားသလို (.exe)program လေးကို install လုပ်မယ်ဆိုရင်လည်း ရက်အကန့်အသတ်နဲ့ ခွင့်ပြုထားပါတယ်။(techsmith.com/screen-capture) မှာ download ရယူနိုင်ပါတယ်။
FastStone capture : (http://www.faststone.org/FSCaptureDetail.htm)
‘FastStone Image Editor’ ကို ထုတ်ဝေဖြန့်ချိခဲ့တဲ့ ကုမ္ပဏီရဲ့ ဒုတိယ ခြေလှမ်းဖြစ်ပြီး အလွန်ကောင်းမွန်တဲ့ စွမ်းအားအပြည့်ရှိပါတယ်။ ဖွင့်ထားတဲ့ webpage တွေနဲ့ websites တွေကို screen တစ်ခုတည်းမှာ Alloum တွေ စီထားသလိုမျိုး ‘thumbnail’ စီစဉ်ထားလို့ ရနိုင်သလို tool တစ်ခု သီးသန့်ထားပေးပြီး ကိုယ်လိုချင်တဲ့ နေရာကွက်ကွက် လေးကို ရွေချယ်ပြီး screen shot ဖမ်းလို့လည်း ရနိုင်သလို စာမျက်နှာ တစ်ပြင်လုံးကို screen shot ဖမ်းယူမယ်ဆိုရင်လည်း ရနိုင်ပါတယ်။
WebShot : (http://www.websitescreenshots.com/)
Webshot ဟာ online ပေါ်မှာ website လည်းဖန်တီးပေးထားပြီး အခမဲ့၊ အခပေးနှစ်မျိုး ၀န်ဆောင်မှု ပေးနေတဲ့ service တစ်ခုပဲ ဖြစ်ပါတယ်။ ‘whole website’ ကို ’screenshot’ ဖမ်းယူရနိုင်သလို webpage ဒါမှမဟုတ် website တွေကို ‘thumbnail’ စီစဉ်ထားတဲ့ အပြင် အဲဒီ thumbnail စီစဉ်ထားတဲ့ website တွေကို စိတ်ကြိုက်ရွေးချယ်ပြီး screenshot ဖမ်းယူရရှိ နိုင်ပါတယ်။ သေးငယ်တဲ့ ပရိုဂရမ်လေးတစ်ခု ဖြစ်ပေမယ့် စွမ်းအားပြည့် tool တွေ ပါဝင်ထားပါတယ်။
Paparazzil : (http://www.derailer.org/paparazzi/)
MaxOSX ကို သုံးစွဲနေတဲ့ ကွန်ပျူတာသမားတွေ အကြိုက် screen-shot ဖမ်းယူနိုင်တဲ့ ဆော့ဖ်ဝဲ ငယ်လေးပါ။
Printkey : (http://www.webtree.ca/newlife/printkey_info.htm)
Keyboard မှာရှိတဲ့ print-screen preview button ကို ပိုပြီး ကောင်းမွန်လာအောင် စွမ်းအားပြည့် tool တွေနဲ့ အထောက်အပံ့ ပေးထားပါတယ်။ ဒါပေမယ့် printkey ဟာ စီးပွားရေး လုပ်ငန်းသုံးသမားတွေ အတွက် ဖြန့်ချိတဲ့ အခပေး software မှာတော့ ပိုပြီး အစွမ်းထက်ပေမယ့် အခမဲ့ ဆော့ဖ်ဝဲမှာတော့ webpage တစ်ခုလုံးကို စိတ်ကြိုက် print-screen ဖမ်းယူ နိုင်တဲ့အပြင် ပါဝင်တဲ့ functions တွေဟာ အတော်လေး ထိရောက် ပါတယ်။
14 X screencatcher : (http://www.softpedia.com/get/Multimedia/Graphic/Graphic-Capture/IX-Screencatcher.shtml)
လက်ရှိဖွင့်ထားတဲ့ window မှာ အမှားအယွင်း တစ်စုံတစ်ရာ ဖြစ်နေခဲ့လို့ပဲဖြစ်စေ၊ ကိုယ့် စိတ်ကြိုက် သင်ခန်းစာလေးတွေ၊ 5 minute guide လေးတွေ ပါရှိနေလို့ပဲဖြစ်စေ၊ ကိုယ်သဘောကျ မင်းသမီးငယ်ရဲ့ ပုံလေးတွေကို စုဆောင်းချင်လို့ပဲဖြစ်စေ၊ 14X ဟာ အလွန်စွမ်းပါတယ်။ ‘tool’ ဟာ area တွေကို selection ပေးတဲ့ အထိ ရပါတယ်။
Instant Shot : (http://projects.digitalwaters.net/index.php?q=instanshot)
MAC သမားတွေအတွက် ထွက်ရှိလာတဲ့ print screen software တွေထဲမှာ အတော်ကလေး အစွမ်းထက်တဲ့ capturing option တွေပါဝင်နေပါတယ်။ ကိုယ်နှစ်ခြိုက်တဲ့ နေရာကို capture လုပ်ဖို့ သတ်မှတ်ပေးထားတာ၊ shortcut key တွေပါရှိတာ၊ image ကို ’scale’ တိုင်းတာနိုင်တာတွေ ပါရှိပါတယ်။

Web-based

Webshots Pro : (http://www.webshotspro.com)
ကိုယ်ဖမ်းယူချင်တဲ့ စာမျက်နှာ၊ ဥပမာအားဖြင့် လမ်းညွှန်ပြသချက်တွေ ရှိနေတဲ့ စာမျက်နှာ ဆိုပါတော့၊ အဲဒီစာမျက်နှာဟာ ‘address bar’ မှာ လိပ်စာ အပြည့်အစုံ ပါရှိနေပါလိမ့်မယ်။ ‘copy’ လုပ်ပြီး မှတ်သားထားလိုက်ပါ။ ပြီးရင် webshotspro ရဲ့ လိပ်စာကို browser ရဲ့ ‘new tab’ မှာ ရိုက်ပြီး ခေါ်ယူပါ။ ပြီးရင် webshotspro ရဲ့ homepage ထဲမှာရှိတဲ့ ‘ ကွက်လပ်’ပေးထားတဲ့ နေရာလေးမှာ အရင် ‘copy’ လုပ်ထားတဲ့ page လိပ်စာကို ‘paste’ လုပ်ပါ။ ပြီးရင် မေးခွန်းအနည်းငယ် ဖြေပါ။ OK လို့ ပြောလိုက်တာနဲ့ (Enter ခေါက်လိုက်တာနဲ့) ကိုယ်လိုချင်တဲ့ page တွေကို capture ဖမ်းယူပေးပါလိမ့်မယ်။ အဲဒီအတွက် browser မှာဖြစ်ဖြစ်၊ PC မှာဖြစ်ဖြစ် install လုပ်ထားဖို့ လုံးဝ မလိုတဲ့ web-based program တစ်ခုပါ။
Thumbalizr : (http://www.thumbalizr.com)
Thumbalizr ဟာ user လိုချင်တဲ့ စာမျက်နှာ တစ်ခုလုံးထဲကို သူတို့ရဲ့ homepage မှာရှိတဲ့ capture ဖမ်းယူပေးမယ့် box ထဲကို copy + paste လုပ်ပြီး ထည့်သွင်း ပေးလိုက်ရုံနဲ့ screen shot ဖမ်းယူပေးနိုင်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ Thumbalizar ဟာ သိပ်ပြီး အလုပ်ကောင်းကောင်း မလုပ်တတ်တာ တစ်ခုတော့ ရှိပါတယ်။


No comments:

Post a Comment