Blogger Tips and TricksLatest Tips And TricksBlogger Tricks

Saturday, March 3, 2012

Gtalk မှာ Ringtone လေးတွေထည့်မယ်

Gtalk  က Sound လေးတွေ ပြောင်းကြည့်ရအောင် ။
သက်ရင်းတို့ ရေ ဒီတခါတော့  Gtalk မှာ စိတ်ကြိုက် Ringtone အသံလေးတွေ ကိုစိတ်ကြိုက်ပြောင်းကြည့်ရအောင်နော် ။
ဒီလုပ်နည်းလေးကတော့ တော်တော့ တော်တော်ကို ကြာနေပါပီ။့ မသိသေးတဲ့ သူတွေတွက်ပေါ့နော်....:D ။
စမ်းချင်တဲ့ သူများအနေနဲ့ တော့ တခုသိထား၇မှာက မိမိတို့ ပြောင်းချင်တဲ့ အသံဖိုင်က WAVE ဖိုင်
ဖြစ်ဖို့ တော့ လိုမယ်နော် ။ကျနော်လဲ စမ်းချင်သူတွေ စမ်းလို့ရအောင် ဆော့ဝဲလ်ထဲမှာ Wave ဖိုင်ဆိုပီး
အသံလေးတွေ ထည့်ပေးထားပါတယ် ။  ကျနော်ပေးတဲ့ အသံလေးတွေနဲ့ စမ်းကြည့်ပေါ့နော် ။မကြိုက်ရင်
သက်ရင်းတို့  စိတ်ကြိုက်   sound wave ဖိုင်လေးတွေနဲ့ ပြန်ပြောင်းသုံးပေါ့ နော့ ။အောက်က လင့်မှာ ဆော့ဝဲလ်
လေးကို ဒေါင်းလိုက်နော် ။ZIP ဖိုင်လေးရလာမှာပါ ။ဖြေလိုက်နော် ။
ဒေါင်းရန်  ။     ။http://www.mediafire.com/?elvi980yy65lgv0

                     http://www.zshare.net/download/99226310c5c0850e/
ဆော့ဝဲလ်လေးလဲရပီ စစမ်းတော့မယ်ဆို အရင်ဆုံး ဆော့ဝဲလ်ထဲမှာပါတဲ့ WAVE လို့ ရေးထာတဲ့ ဖိုင်လေးကို copy နဲ့ 
Desktop ပေါ်အရင်တင်လိုက်နော် ။မတင်လဲရပါတယ် ။အစားသွင်းရင်ရှာရလွယ်ကူအောင် လုပ်ခိုင်းတာပါ ။
ပီးရင် Run ပီးသား Gtalk shortcut လေးကိုပါ copy ကူးပီး Desktop ပေါ်တင်လိုက်ပါ ။သေချာထပ်ပြောမယ် shortcut နော်
Icon မဟုတ်ဘူးနော် ။အောက်မှာပုံလေးပြထားတယ် တင်ထားတာကို ကြည့်လိုက်နော် ။

ကဲစလုပ်ပီ ။နဲနဲတော့ စိတ်ရှည်နော် ။မခက်ပါဘူး ။ပုံတွေနဲ့ရော စာပါ သေချာရှင်းပြထားတယ်နော်
။ဆော့ဝဲလ်ဖိုင်ဖွင့်ပီး
အောက်က ပုံမှာ ပြထားတဲ့ အတိုင်း  တူပုံစံပါတဲ့ Application ကို Right clik လုပ်ပီး Run as admi...လုပ်လိုက်နော် ။
အောက်ကပုံစံလို box လေးပေါ်လာရင် File ထဲက open ကို ကလစ်ပါ။
နောက်ထပ်ပေါ်လာမဲ့ box လေးထဲမှာ ခုန desktop ပေါ်မှာ တင်ထားတဲ့  Gtalk shotcut လေးကို select ပီး open ကိုနှိပ်ပါ ။
ဒါဆိုအောက်ကပုံလေးတိုင်းဖြစ်သွားမယ် ။အဲထဲကမှ WAVEဆိုတာလေးကို ၂ချက်ကလစ်လိုက်ရင် ပုံပါတိုင်း ဂဏန်းလေးတွေနဲ့ 
ဖိုင် ၅ခု ကိုတွေ့ရမှာပါ ။(121 ကကို့ ဘက်ကို စာတတ်လာရင် ကြားရမဲ့ အသံ ၊126 က ကိုက တဖက်လူကို call ခေါ်ရင်
မြည်တဲ့ အသံ ၊ 125 ကကို့ ဆီကို call အ၀င်မှာ မြည်တဲ့ အသံပါ )အဲ့ ၃ခုလောက်လုပ်ရင်ရပါပီ ။ကျန်တဲ့ 123 နဲ့ 125 တော့
သက်ရင်းတို့ ဘာသာ စမ်းပေတော့ ။
အဲထဲက ကျနော်တခုပဲလုပ်ပြမယ်နော် ။ကျန်တဲ့ ၄ခုကတော့ သက်ရင်းတို့ ဘာသာ စမ်းကြည့်ပါ ။စာကရှည်နေလို့ နော် ။
ကျနော် 125 ဆိုတဲ့ ဖိုင်လေးကိုလုပ်ပြမယ် ။အဲ့  125 ဖိုင်က တဖက်သူက call  ခေါ်ရင် ကို့ ဆီအ၀င်မှာ မြည်မဲ့ အသံပေါ့နော် ။
ကဲ 125 ဖိုင်လေးကို double click လိုက်ပါဦး ။ဒါဆို (0)ဆိုပီး ထပ်ပေါ်လာပါလိမ့်မယ် .။အဲ့ (0)လေးပေါ် Right click လိုက်ပါ ။
Right click ထဲကမှ Replace resource...ကိုရွေးပါ ။အောက်ကပုံမှာကြည့်နော် ။
အပေါ်ကတိုင်းလုပ်ပီးရင် box တခုထပ်ပေါ်လာမယ် ။အဲထဲက open file with new resource အကွတ်ကို ကလစ်လိုက်ပါ ။
Wave အသံဖိုင်ထည့်ဖို့ box တခုပေါ်လာပါမယ် ။ခုန ကျနော်Desktop ပေါ်မှာ တင်ခိုင်းထားတဲ့ Wave ဖိုင်ထဲက ကြိုက်တဲ့ တခုကို
ရွေးထည့်ကြည့်ပါ ။ပီးရင် open ကိုကလစ်ပေါ့နော် ။
။နောက်ပီး အောက်ကအကွတ်လေးတွေလဲဖြည့်မယ် ။Resource type မှာ
WAVE စာလုံးအကြီးနော် ၊ Resource name မှာ ကျနော်ကဖိုင် 125 ကိုလုပ်ပြလို့ 125 ဖြည့်တာ ။121 ကိုလုပ်ရင် 121 ဖြည့်ရမှာနော် ။Resource language မှာတော့  0 ပါပဲ ။ပီးရင် Replace ကိုကလစ်ပေါ့နော် ။ဒါဆို 125 တွက်ပီးပီ ။အောက်ကပုံမှာကြည့်ပါ ။
ကဲ Replace လုပ်ပီးပီဆိုတော့ အောက်မှာပြထားတဲ့ ပုံလေးတိုင်းပဲ ကျန်တော့မှာပေါ့နော် ။အဲထဲက ဘေးမှာရှိတဲ့  Play WAVE ဆိုတာ
လေးကို ကလစ်ကြည့်  အရင် Gtalk မူလအသံမဟုတ်တော့ပဲ သက်ရင်းတို့ ထည့်ထားတဲ့ အသံ မြည်နေမှာပါ ။

ကဲ...ကျန်တဲ့  (121 ၊123 ၊124 ၊126 ဖိုင်) တွေကို သက်ရင်းတို့ ဘာသာစမ်းလိုက်တော့နော် ။ကျန်တဲ့ ဖိုင်တွေလုပ်တော့ဘူး
ဒီတခုထဲ လုပ်မယ်ဆိုလဲ ရတယ် ။ရှင်းပြနေလို့ သာ စာကရှည်နေတာ ။ဖိုင် ၅ခုလုံးကို တကယ်လုပ်ရင် ၁၀ မိနစ်အပြင်ပိုမကြာပါဘူး ။
စိတ်ကြိုက်ဖြစ်ပီဆို လုပ်ထားတာတွေ ပိတ်လိုက်လို့ ရပါပီ ။ပီးရင် သက်ရင်းတို့ ၇ဲ့ အကောင့်ပါ
ပိတ်ပီး အသစ်ပြန်ဖွင့်စမ်းကြည့်ပါ ။သက်ရင်းတို့ ထည့်ထားတဲ့ အသံတွေ ပြောင်းနေတာကို ကြားရမှာပါ ။
ကျနော်ပေးထားတဲ့ အသံတွေ ကြိုက်ချင်မှကြိုက်မှာပါ ။စိတ်ကြိုက်အသံကတော့ သူငယ်ချင်းတို့ဘာသာ ကြုတ်ကျက်လိ ကျတော့နော် ။
WAVE ဖိုင်လုပ်နည်းတော့ ကျနော်မရှင်းပြတော့ဘူးနော် ။ ။ခုက စာကတော်တော်ရှည်နေလို့ ပါနော် ။

No comments:

Post a Comment