Blogger Tips and TricksLatest Tips And TricksBlogger Tricks

Monday, March 5, 2012

လျှို့ဝှက်ကုဒ် နဲ့ gmail ပို့မယ်

ကျွန်တော် ဒီတခါတော့ Gmail ပို့တဲ့နေရာမှာ မူရင်းစာအတိုင်းမပို့ဘဲနဲ့  ဒီလို(4FFF72344E6C1F0AD64BCEAF8047FE13F05A8D35) ကုဒ် လေးတွေနဲ့ ပိုတဲ့ နည်းလေး ပြောပြပါ့မယ်။ အရင်ဆုံး ဒီဆိုက် လေးကိုသွားလိုက်ပါ။ အောက်ကပုံလေး အတိုင်းတွေ့ရပါလိမ့်မယ်။
ပုံမှာ  Enter your ဆိုတဲ့ နေရာမှာ စကားဝှက် ရိုက်ထည့်ပါ။
အောက်က box အကျယ်ကြီးထဲမှာက မိမိရေးလိုသော အကြောင်းအရာကိုရေးပါ ။မြန်မာလိုရေးလို့လည်းရပါတယ်။ ကဲ ရေးပြီးပြီ ဆိုရင်တော့ အောက်ဆုံးမှာ Encode Now ဆိုတာရှိပါတယ်။ အဲဒီကောင်လေးကို နှိပ်လိုက်ရင် မိမိရေးထားသော စာများသည်  ကုဒ်တွေ အဖြစ်ပြောင်းသွားပါတယ်။ အဲဒီကုဒ်ကိုယူပြီးတော့ မိမိပို့ချင်တဲ့သူဆီကိုပို့လိုက်ပါ။ ဒီနေရာမှာ တစ်ခုသိထားရမှာက အပို့ခံရမယ့်သူကလည်း အဲဒီဆိုဒ်လေးကို သိထားမှဖြစ်မယ်နော်။ပြီးတော့ Enter your ဆိုတဲ့ စကားဝှက်ကိုလည်းသိမှ ဖြစ်မယ်။ ဒါမှသာ ကုဒ်က ဘာရေးတယ်ဆိုတာ သိမှာဖြစ်ပါတယ်။ စကားဝှက်မသိဘဲနဲ့ ကုဒ်ကို မြန်မာလို ပြောင်းလို့မရပါဘူး။ အောက်မှာနမူနာပြထားပါတယ်။
အဆင့်(၁)

အဆင့်(၂)

အဆင့်(၃) အပို့ခံရမယ့်သူက  DECODE a message NOW ဆိုတာကို အရင်နှိပ်ပါ။ ပြီးမှ စကားဝှက်ရယ် ၊ ကုဒ်ရယ် ထည့်ပြီးတော့  အောက်ဆုံးမှာရှိတဲ့ Decode Now ကိုနှိပ်ပါ။

အဆင့်(၄)

ဒီနည်းကိုပို့တာက ကြားဖြတ်ကြည့်ုလို့မရအောင်ပို့ကြတာ များပါတယ်။ မသိသေးသောသူများအတွက်ပါ။

အဆင်ပြေကြပါစေ...

No comments:

Post a Comment