Blogger Tips and TricksLatest Tips And TricksBlogger Tricks

Thursday, August 23, 2012

Galaxy S3 i9300 Root

အဆင့် (၁)
အသံတိုးတဲ့ခလုတ်.. အိမ်ခလုတ်.. ပါဝါခလုတ်တို့ကို စက္ကန့် ၂၀ လောက်ကြာအောင်နှိပ်ထားပါ… ဖုန်း reset ကျပီး download mode ထဲဝင်ဖို့ရွေးခိုင်းပီဆိုရင် လွှတ်လိုက်ပါ…
အဆင့် (၂)
Download mode ထဲဝင်ဖို့ အသံကျယ်တဲ့ခလုတ်ကို တစ်ချက်နှိပ်ပါ…
အဆင့် (၃)
Download mode ထဲရောက်သွားပီဆိုရင် ဖုန်းကို micro USB cable နဲ့ကွန်ပြူတာမှာ ချိတ်ပါ…
အဆင့် (၄)

Galaxys3root.zip ဆိုတဲ့ ဖိုင်ကိုအောက်က link မှာ download ဆွဲပီး unzip လုပ်လိုက်ပါ… ဖိုင် ၃ ဖိုင်ပါ ပါလိမ့်မယ်…
http://downloadandroidrom.com/file/GalaxyS3/rooting/GalaxyS3Root.zip
အဆင့် (၅)
Driver install လုပ်ထားလား မလုပ်ထားလားကြည့်ပါ… လုပ်ထားတယ်ဆို “Samsung Mobile USB CDC Composite Device”ဆိုပီး Device Manager အောက်မှာ ပေါ်နေပါလိမ့်မယ်… မပေါ်ဘူးဆိုရင် အောက်မှာပေးထားတဲ့ link ကနေ Samsung kies ကို download ဆွဲပီး Install လုပ်ထားပါ…
http://www.samsung.com/ca/support/usefulsoftware/KIES/JSP
ပီးရင် ဖုန်းကို ကွန်ပြူတာကနေဖြုတ်လိုက်ပါ… ပီးမှပြန်တပ်ပါ…
အဆင့် (၆)
Odin3v1.83.exe file ကို run လိုက်ပါ… ID-COM ဆိုတဲ့နေရာမှာ အ၀ါရောင်လေးနဲ့ပေါ်နေရပါမယ်… မပေါ်ဘူးဆိုရင် ဖုန်းကို ကွန်ပြူတာနဲ့ချိတ်ထားတဲ့လားဆိုတာနဲ့ Samsung kies ကိုသွင်းထားရဲ့လားဆိုတာကို ပြန်စစ်ဆေးပေးပါ… ဒါမှမဟုတ်ရင်လဲ Task Manager ထဲမှာ Kies ကို kill လိုက်ပါ… တစ်ခါတစ်ရံမှာ ညိနေတတ်ပါတယ်…
အဆင့် (၇)
PDA ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်ပါ… GalaxyS3root ဆိုတဲ့ folder ထဲက “CF-Root-SGS3-v6.1.tar”ကိုရွေးပေးလိုက်ပါ… ပီးရင် Start ကိုနှိပ်ပါ…
အဆင့် (၈)
၁၀ စက္ကန့်လောက်အတွင်းမှာပဲ ဖုန်းက reboot ပြန်တက်ပီး ClockworkMod Recovery နဲ့ full root access ရပါလိမ့်မယ်…
အဆင့် (၉)
အားလုံးအဆင်ပြေတယ်ဆိုရင် “PASS” ဆိုပီး အစိမ်းရောင်လေးနဲ့ပေါ်လာပါလိမ့်မယ်…
အဆင့် (၁၀)
ဖုန်းက အော်တို reboot ကျသွားပီး ClockworkMod Recovery ထဲဝင်သွားပီး SuperUser files တွေကို install လုပ်နေပါလိမ့်မယ်…
အဆင့် (၁၁)
ဖုန်း reboot တက်လာပီဆိုရင် SuperSU ဆိုတဲ့ app လေးကိုတွေ့ရမှာပါ… အဲဒါ Superuser app ပါပဲ…
အဆင့် (၁၂)
Root လုပ်ထားတယ်ဆိုတာ သေချာအောင်လို့ rooted app “ဥပမာ – titanium backup app” လိုဟာမျိုးတစ်ခုလောက်သွင်းကြည့်လိုက်ပါ… superuser request ပေါ်လာပါလိမ့်မယ်… grant လုပ်လိုက်ရင်ရပါပြီခင်ဗျာ...
အားလုံးအဆင်ပြေပါစေဗျာ ....

No comments:

Post a Comment