Blogger Tips and TricksLatest Tips And TricksBlogger Tricks

Thursday, April 19, 2012

မိမိကွန်ပျူတာမှာ လှုပ်ရှားသက်ဝင်နေတဲ့ Wallpapers လေးတွေနဲ့ အလှဆင်ပေးမဲ့ DreamScene7

ဒီကောင်လေးက ထက်ထက်အခြားသုံးဖူးတာလေးတွေထက် အသုံးပြုရတာပိုမိုရိုးရှင်းလွယ်ကူတာမို့  အသုံးလိုသူတွေ မိမိကွန်ပျူတာကို လှုပ်ရှားသက်ဝင်နေတဲ့ Wallpapersလေးတွေနဲ့ အလှဆင်လိုသူများအတွက် ထပ်မံဝေငှပေးလိုက်ပါတယ်။

(၁) အသုံးပြုပုံမှာ ဆော့ဖ်ဝဲလ်လေးကိုအရင် မိမိစက်ထဲကို Install လုပ်လိုက်ပါ။ Software ကို ဒီနေရာမှာ ယူလိုက်ပါ။ (လင့် ၆ ခု
မှတင်ပေးထားပါတယ်) မူရင်းလင့် ဒီနေရာမှာ
လည်းယူနိုင်
လေ့လာနိုင် ပါတယ်။
(၂) မိမိအသုံးပြုလိုသည့် ဗီဒီယိုဖိုင်ကို စက်အတွင်းဒေါင်းယူထားပါ။ ဒီနေရာလေးမှာ အသင့်သုံးဗီဒီယိုဖိုင်လေးများကိုရယူနိုင်ပါတယ်။ မိမိကိုယ်တိုင်ပြုလုပ်ထားသောဖိုင်များကိုအသုံးပြုလိုပါက WMV / Movie Clip /MPG ဖိုင်အမျိုးအစားများကိုအသုံးပြုရပါမည်။ Converter တစ်မျိုးမျိုးကို အသုံးပြု၍ဖိုင်အမျိုးအစား ပြောင်းလိုက်ရင် အဆင်ပြေမှာပါ။
(၃) ၄င်းနောက်မိမိစက်အတွင်းရှိ ဗီဒီယိုဖိုင်ပေါ်တွင် ညာကလစ်ထောက်လျှက် Set as Desktop Background အား Click ပေးလိုက်ပါ
က လုပ်ငန်းစဉ်ပြီးဆုံးပြီဖြစ်ပါသည်။ မူရင်းလင့်မှာ
လည်း ဗီဒီယိုဖိုင်နှင့်တစ်ကွ ရှင်းပြထားပါတယ်နော်။
(၄)  အသုံးမပြုလိုတော့သောအခါ ဒတ်စတော့ပေါ်ရှိ ၄င်း Shortcut ကလေးအား Run ၍ Uninstall လုပ်လိုက်လျှင်၎င်း ရပ်ထားလိုသောအခါ ဒတ်စတော့ပေါ်တွင် ညာကလစ်ပေးပြီး Pause Dream Scene ကိုကလစ်လိုက်လျှင်ရပ်သွားမည်ဖြစ်ပြီး ညာကလစ်ပေး၍ Play Dream Scene ကို ကလစ်
လိုက်ပါက ဆက်၍လှုပ်ရှားနေမည်ဖြစ်ပါသည်။
အဆင်ပြေနိုင်ကြပါစေ။

No comments:

Post a Comment