Blogger Tips and TricksLatest Tips And TricksBlogger Tricks

Sunday, January 8, 2012

The Best Fashion Websites ၁ဝ ခု

ယနေ့ ၂၁ ရာစုမှာတော့ ဖက်ရှင်ဆိုတဲ့ စကားလုံးဟာ လူတိုင်းနဲ့ အလွန်ရင်းနှီးနေတဲ့ ဝေါဟာရတစ်ခု ဖြစ်နေပါပြီ။ `တောင်းမှာအကွပ် လူမှာအ၀တ်´ လို့ဆိုတဲ့ ရှေးမြန်မာဆိုရိုးစကား တစ်ခုအတိုင်း လူတိုင်းလူတိုင်းမှာ ၀တ်စားဆင်ယင်မှုဖက်ရှင်ဟာ အရေးပါလှပါတယ်။ တစ်ခါ တလေမှာ ဖက်ရှင်ရဲ့ သက်ရောက်မှုဟာ လူသားတွေရဲ့ လူမှုဘ၀တစ်ခုလုံးကိုပါ ပြောင်းလဲသွား တတ်စေတာမို့ ၂၁ ရာစုရဲ့ အမျိုးမျိုးသော ဖက်ရှင်ရေစီးတွေမှာ စီးမျောနေကြတဲ့ ပျိုပျိုအိုအို ကြီးငယ်မရွေးအတွက် ယခုလအတွက် Internet Travelling ကဏ္ဍမှာ ကမ္ဘာ့အကောင်းဆုံး ဖက်ရှင် Website ၁၀ ခုကို တင်ပြပေးလိုက်ပါတယ်။ ဒီ Website ၁၀ ခုလုံးရဲ့ Rank ကိုတော့ ကမ္ဘာကျော် ဖက်ရှင်အဖွဲ့အစည်းကြီး တစ်ခုဖြစ်တဲ့ Love To Know အဖွဲ့ကြီးက သတ်မှတ်တာ ဖြစ်ပါတယ်။

www. style.com
ဒီ Website မှာတော့ ၅၈၀၀၀ ကျော်သော designer တွေ Brand တွေရဲ့ ရာသီအလိုက်ဖက်ရှင် (Seasonal Fashion) တွေ၊ Trend တွေကို ကြည့်ရှုနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဖက်ရှင်နဲ့ဆိုင်တဲ့ နောက်ဆုံးပေါ် Latest News တွေ၊ Fashion Forum, Chatting တွေ၊ နောက်ဆုံးပေါ် Skin Protection Technique (အရေပြား ထိန်းသိမ်းမှုနည်းလမ်း) တွေကိုပါ အခမဲ့ download လုပ် နိုင်တဲ့ ကမ္ဘာ့နံပါတ်တစ် အကောင်းဆုံးဖက်ရှင် Website တစ်ခု ဖြစ်ပါတယ်။
www.fashion. net
ဒီ web site မှာတော့ Fashion နဲ့ ပါတ်သတ်တဲ့သတင်းလွှာ (News letter) တွေကို register လုပ်ပြီး အခမဲ့ရယူနိုင်ကြ သလို Fashion Trend မျိုးစုံရဲ့ မတူညီတဲ့ Photo မျိုးစုံကိုလည်း ကြည့်ရှုခံစားနိုင် ကြပါတယ်။
www. women. com
ဒီ Website ကတော့ ဖက်ရှင်မှဖက်ရှင် အရူး အမူးဖြစ်တဲ့ မမတို့အတွက်ပါ။ ဒီဆိုက်မှာလည်း အမျိုး သမီးဖက်ရှင်နဲ့ ပတ်သတ်တဲ့ Style advice အကြံ ပေးချက်တွေ၊ Trend တွေကို ကြည့်ရှုလို့ရသလို၊ Fashion နဲ့ပါတ် သက်တဲ့ သိလိုသမျှ မေးခွန်းတွေကိုလည်း မေးမြန်းလို့ရ ပါသေးတယ်။ ဒါ့အပြင် Sesonal Tips တွေ၊ ကျော်ကြားသူတို့ရဲ့ celebrity Fashion news တွေ သာမက အပတ်စဉ် Weekly Top 10 focus အဖြစ် Fashion နဲ့ ပတ်သက်တဲ့ Hot Topics တွေကိုပါ download ရယူနိုင်ကြပါတယ်။
www. lovetoknow. com
ဒီ site မှာတော့ အမျိုးသားရော၊ အမျိုးသမီး တွေရောနဲ့ ပတ်သတ်တဲ့ Fashion Tips အစုံအလင်ကို ရှာဖွေကြည့်ရှုနိုင်ကြသလို၊ ထူးခြားချက်အဖြစ် ဆယ် ကျော်သက်တွေအတွက် Fashion for teens ကဏ္ဍကို လည်း တင်ဆက်ပေးထားပါတယ်။
www. dailyfashion.com
ဒီဆိုဒ်မှာလည်း ထုံးစံအတိုင်း Fashion နဲ့ ပတ်သတ် တဲ့ Topic အစုံအလင်ကို ကြည့်ရှုနိုင်ပြီး ထူးထူးခြားခြားအဖြစ် ကိုယ့်ရဲ့ နေ့စဉ်ဖက်ရှင် (Daily Fashion)နဲ့ ပတ်သတ်တဲ့ ဆောင်ရန်/ရှောင်ရန် (Do's and Don'ts) အချက်အလက်တွေကို လေ့လာ နိုင်ကြပါသတဲ့။
www.vintageblues.com
ဒီ site ကတော့ ထူးထူးခြားခြား ခေတ် အလိုက် ဖက်ရှင်ရဲ့ တိုးတက်ပြောင်းလဲလာမှုကို အချိန်ဇယား (Time line)အလိုက် စုစည်းဖော်ပြ ထားတဲ့ Website တစ်ခုပါ။ သူရဲ့ Fashion Tour စတဲ့ ကာလ အပိုင်းအခြားကတော့ era between 1900-1910 ကပါ။ ဖက်ရှင်သမိုင်းကို စိတ်ဝင်စား ကြတဲ့သူတွေ လက်မလွှတ်သင့်တဲ့ Website တစ်ခုပါ။
www.inpasserella.com
ဒီ site မှာတော့ ကမ္ဘာကျော် Designer တွေရဲ့ design မျိုးစုံနဲ့ ပါတ်သတ်တဲ့ အကြောင်းအရာတွေ၊
design နဲ့ ပတ်သတ်တဲ့ Industry works တွေကို လေ့လာ သင်ယူနိုင်ရုံမက sample designs တွေကိုပါ ပြသထား တာမို့ ဒီဇိုင်းကို စိတ်ပါဝင်စားတဲ့ လူငယ်တွေနဲ့ Designer တွေအတွက် မကြည့်မဖြစ် ၀င်ရောက်ကြည့်ရှုကြရမယ့် site တစ်ခုပါ။ ဒါ့အပြင် ကမ္ဘာကျော် Fashion Cities ကြီးတွေ ဖြစ်တဲ့ Paris နဲ့ Milan တို့က နောက်ဆုံးပေါ် latest Collections တွေကိုပါ လေ့လာနိုင်ကြပါတယ်။
www.fashionoffice.org
ဒီ site ကတော့ ထင်ရှားတဲ့ Major online Fahsion Magazine တစ်စောင်ပါ။ runway news, daily headlines, new collections, fashion jewerly စတဲ့ Topic တွေကို ဖတ်ရှုနိုင်ကြသလို trendletter ကိုလည်း Regist-eration လုပ်ပြီး email က တဆင့် အခမဲ့ရယူနိုင်ကြပါတယ်။
www.fashionmall.com
ဒီ site ကတော့ အမျိုးသား၊ အမျိုးသမီး၊ ဆယ် ကျော်သက်နဲ့ ကလေးတွေအတွက် အ၀တ်အထည်မျိုးစုံ ရောင်းချတဲ့ on-line shopping mall တစ်ခုပါ။ Categories မျိုးစုံ၊ Design မျိုးစုံ၊ Brand မျိုးစုံကို ရှာဖွေကြည့်ရှုနိုင် ကြတဲ့အတွက် Design Crazy တွေအကြိုက်တွေ့ကြမယ့် website တစ်ခုပါပဲ။
Internet Travelling ကဏ္ဍ နောက်လတွေမှာတော့ ကမ္ဘာ့အကောင်းဆုံး အခမဲ့ဗေဒင်မေးနိုင်တဲ့ Website တွေ၊ ဟာသအကြောင်း Website တွေ၊ စိတ်ယဉ်ကျေးမှုနဲ့ ဘ၀အောင်မြင်မှုတွေအတွက် လေ့လာစရာ Website အဖြာဖြာတို့ကို တင်ပြဖို့ စီစဉ်ထားပါတယ်။

No comments:

Post a Comment